www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 30, 2018

မန္တလေးတိုင်းဒေသကြီး၌ ယခုနှစ်မိုးကာလတွင် သစ်တောစိုက်ခင်းဧက ၂၇၆၉ ဧက စိုက်ပျိုးသွားမည်



မန္တလေး ၃ဝ-၄-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးနှင့် သစ်တော ဖုံးလွှမ်းမှုဧရိယာ တိုးပွားနိုင်ရေးအတွက် ယခုနှစ်မိုးကာလတွင် သစ်တောစိုက်ခင်းဧက ၂၇၆၉ ဧက စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြ၍ သိရသည်။

ယခုနှစ် မိုးကာလအတွင်း နိုင်ငံတော်စီးပွားရေး အတွက် ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်တို့ကို ဧက ၁၅၁ဝ စိုက်ပျိုးရန် လျာထားပြီး မြစ်ကမ်းပါးပြို ကာကွယ်ရေးနှင့် ဆည်မြောင်း၊ တာတမံရေရှည် ထိန်းသိမ်းရေးတို့အတွက် ရေဝေရေလဲစိုက်ခင်း ၅၄၅ ဧကစိုက်ပျိုးရန် လျာထားကာ ကျေးရွာနေပြည်သူ လူထုအတွက် ကျေးရွာထင်းစိုက်ခင်း ၇၁၄ ဧက စိုက်ပျိုးရန် လျာထားကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးပေးရာ၌ ပြင်ဦးလွင်ခရိုင်တွင် သစ်တောစိုက်ဧက ၂ဝ၇ဝ၊ ကျောက်ဆည်ခရိုင်တွင် ဧက ၂၅ဝ၊ မိတ္ထီလာ ခရိုင်တွင် ၂၄၉ ဧကနှင့် ရမည်းသင်းခရိုင်တွင် ဧက ၂ဝဝ စုစုပေါင်း သစ်တောစိုက်ဧက ၂၇၆၉ဧကကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးမည့်သစ်ပင်များကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များတွင် ပြုစုပျိုးထောင်ပြီး စိုက်ပျိုးခြင်းလုပ်ငန်းများကို ဇွန်လတွင် စတင်စိုက်ပျိုးရန် မျှော်မှန်းထားကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger