www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 28, 2018

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ခရီးသွားဇုန် ခြောက်ဇုန်ကို သတ်မှတ်အကောင်အထည် ဖော်ဆောင်ရွက်



စစ်ကိုင်း ၂၈-၃-၂ဝ၁၈

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ပုဂ္ဂလိကကဏ္ဍ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ကသာ၊ ခန္တီးမြို့တို့တွင် ခရီးသွား ဇုန်ခြောက်ဇုန်ကို သတ်မှတ်အကောင်ထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Community Based Tourism ဆိုသည်မှာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား များကို ဒေသတွင်း တည်းခိုနေထိုင်ခွင့် ပေးသည့် ခရီးသွားလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ကျောက်မြောင်းမြို့ နွယ်ငြိမ်းကျေးရွာကို အခြေပြုလျက် ရွှေခွန်၊ ရွှေတိုက်၊ မလား၊ မခေါက်ကျေးရွာများ Community Based Tourism လုပ်ငန်းအောင်မြင်ခဲ့ပါက ဒေသအတွင်း တည်းခိုနေထိုင်မှုမှ ရရှိလာမည့် အခကြေးငွေများ အကျိုးခံစားခွင့် ရရှိလာမည့်အပြင် ဒေသထွက်ကုန် လက်ဆောင်ပစ္စည်း များကိုလည်း နိုင်ငံခြားသားများကို ရောင်းချခွင့်ရမည် ဖြစ်ကြောင်း၊ ဒေသအတွင်းလှည့်လည် ခရီးသွား လာသည့်အတွက် ပြည်ပနိုင်ငံ ခြားသားခရီးသွားများ အသုံးပြုလာမည့် ငွေကြေးများဒေသအတွင်း စီးဆင်းလာမည် ဖြစ်သောကြောင့် ဒေသအတွက် ဝင်ငွေပိုမိုရရှိလာမည့် ခရီးသွားလုပ်ငန်း တစ်ခုအဖြစ် အကောင်အထည် ပေါ်လာမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပြသည်။

''CBT လုပ်လိုက်တဲ့အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတယ်။ ဟိုတုန်းကနဲ့စာရင် ပိုပြီးတော့ ဖွံ့ဖြိုးလာတယ်။ ပြည်ပခရီးသွားတွေ ဆီကရလာတဲ့ အလှူငွေနဲ့လဲ ဒေသဖွံ့ဖြိုးရေး အတွက် ထိုက်သင့်တဲ့ဝင်ငွေ ရလာပါတယ်''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger