www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 30, 2018

Green City/Smart City/Clean City ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည့် ကျူးကျော်တဲများရှိပါက တိုင်ကြားနိုင်



မန္တလေး ၃ဝ-၁-၂ဝ၁၈

မန္တလေးမြို့တွင် Green City/Smart City/Clean City အဖြစ်ဖော်ဆောင်ရာတွင် အဟန့်အတား ဖြစ်စေသည့် ကျူးကျော်တဲများရှိပါက လာရောက်တိုင်ကြား နိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မန္တလေးမြို့တွင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်မြို့နယ်တွင် လမ်းဘေးပလက်ဖောင်း များပေါ်နှင့် ကတ္တရာလမ်းမ များပေါ်တွင် ခုံများခင်းကျင်းကာ ဈေးရောင်းချနေမှုများကို ဇန်နဝါရီ ၂၃ ရက်မှစ၍ စီမံချက်ဖြင့် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ကျူးပ ပျောက်ရေးကို မြို့နယ် အလိုက်စီမံချက်ဖြင့် ရှင်းလင်းအရေးယူနေ သော်လည်းကျန်ရှိနေသည့် တခြားမြို့နယ်များတွင်လည်း မိမိတို့နေထိုင်သည့် အိမ်ခြံဝင်းရှေ့၌ တဲများထိုးကာ ရောင်းချနေသည့် ကျူးကျော်ဈေးသည်များကို မန္တလေးစည်ပင်သို့ လာရောက်တိုင်ကြား နိုင်ကြောင်း သိရသည်။

မန္တလေးမြို့ကို အစိမ်းရောင်မြို့တော်၊ သန့်ရှင်းသာယာ လှပသည့်မြို့တော် အဖြစ်ဖော်ဆောင်ရာတွင် ကျူးကျော်ကာ ဈေးရောင်းချ နေသူများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးသည့် အခန်းကဏ္ဍထဲတွင် ပါဝင်နေခြင်းကြောင့် အဆိုပါကျူးကျော် ရောင်းချနေသူများ ပပျောက်ရေးအတွက် စည်ပင်နယ်နိမိတ်အတွင်းရှိ ပလက်ဖောင်း၊ ကတ္တရာလမ်းမကြီးများပေါ်၊ရေမြောင်းများပေါ်တွင် ရောင်းချနေသည့် အသုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ ဘူးဖြင့်ရောင်းချနေသည့် ဓာတ်ဆီဆိုင်များကို ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ရပ်ကွက်များ အတွင်း၌ နေအိမ်ဝိုင်း အရှေ့တွင်လည်း ကျူးကျော်နေထိုင်သူများ ရှိပါက မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီသို့ လာရောက်တိုင်ကြားနိုင်ပြီး ယခုလအတွင်း၌လည်း အောင်မြေ သာစံမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်ရှေ့၌ ကျူးကျော်ရောင်းချ နေသည့်အကြော်ဆိုင်ကို ဖယ်ရှာပေးရန် တိုင်ကြားလာမှုကြောင့် တိုင်ကြားချက်မှန်ကန်မှုရှိ၊ မရှိကိုလည်း စစ်ဆေးထားပြီး တိုင်ကြားချက် မှန်ကန်မှုရှိသည့် အတွက် ကျူးကျော်နေထိုင်သူများကို သုံးရက်အတွင်း ပြောင်းရွှေ့ပေးရန် အကြောင်းကြားစာပေးပို့ထားကာ ပြောင်းရွှေ့မပေးပါက စည်ပင်ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

အလားတူ နောက်ပိုင်းကာလများတွင် မြို့နယ် ခြောက်မြို့နယ် အတွင်းရှိ ကိုယ်ပိုင်ခြံဝန်းများထဲထိ ကျူးကျော်နေထိုင်သူများကို စီမံချက်အသစ်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger