www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 30, 2018

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီး



တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တွေ့ရစဉ်။

နေပြည်တော် ၃ဝ-၁-၂ဝ၁၈

ကျိုင်းတုံမြို့၊ ပန်ကွဲကျေးရွာအနီးရှိ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အလှူရှင်များ စုပေါင်း၍ ရင်ပြင်အကျယ် အလျား ၁၅၀ ပေ၊ အနံ ၁၈၀ ပေ၊ ပလ္လင်တော်အလျား ၄၅ ပေ၊ အနံ ၆၃ ပေ၊ ဉာဏ်တော် အမြင့် ၇၂ ပေရှိပြီး မြတ်စွာဘုရား၏ ၃၂ ပါးသော လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့နှင့်အညီ သပ္ပါယ်ကြည်ညိုဘွယ်ရာ ကိုးကွယ်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘလ ၆ ရက် တွင်စတင် တည်ထားခဲ့သည်။

အဆိုပါ အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသည် ယခုအခါရာနှုန်းပြည့်ပြီး စီးပြီဖြစ်ပြီး ယခုလ ၃၀ ရက်နေ့တွင် မူလဌာပနာတော်၊ အလယ်ဌာပနာတော်နှင့် အထက် ဌာပနာတော်သွင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger