www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 27, 2017

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏ စွပ်စွဲပြောကြားချက်များအပေါ် တုံ့ပြန်ပြောကြား


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်ကုလသမဂ်အခြေအနေနှင့်ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့အချို့၏စွပ်စွဲပြောကြားချက်များအပေါ် ပြန်လည်တုံ့ပြန်ပြောကြားစဉ်။

နယူးယောက် ၂၇-၉-၂၀၁၇

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် (၇၂) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် နိုက်ဂျီးရီးယား၊ ပြင်သစ်၊ တူရကီ၊အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ယူအေအီး၊ မလေးရှား၊မော်လ်ဒိုက်၊ ချဒ်နိုင်ငံတို့က မြန်မာနိုင်ငံနှင့် ပတ်သက်၍'' ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)''၊ '' မျိုးနွယ်စုအားသုတ်သင် ရှင်းလင်းခြင်း (ethnic cleansing) ''စသည်ဖြင့် မှန်ကန်မှုမရှိသည့် စွပ်စွဲပြောကြားမှုများ ပြုလုပ်ခဲ့သည်။

အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှု၏ နောက်ဆုံးနေ့ဖြစ်သည့် စက်တင်ဘာ ၂၅ ရက်တွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအပေါ် စွပ်စွဲပြောကြားချက်များအားပြန်လည်တုံ့ပြန် ချေပသည့်မိန့်ခွန်း (Right of Reply) တစ်ရပ်ပါဝင် ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ပြောကြားရာတွင် ရခိုင်ပြည်နယ် အခြေအနေကို မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း " ethnic cleansing" အဖြစ် အခြေအမြစ်မရှိဘဲထပ်တလဲလဲ စွပ်စွဲပြောကြားနေကြသည်မှာ အလွန်စိတ်မကောင်းဖွယ်ဖြစ်ကြောင်း၊ '' ရက်စက်ကြမ်းကြုတ်ခြင်း (atrocities)''၊ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း (ethnic cleansing)''၊''လူမျိုးသုဉ်းသတ်ဖြတ်ခြင်း (genocide)''စသည့် အသုံးအနှုန်းများကို ပေါ့ပေါ့တန်တန် အသုံးမပြု သင့်ကြောင်း၊ ခိုင်မာသည့် သက်သေအထောက် အထားရှိမှသာ ယင်းစကားလုံးများကို သုံးနှုန်းရန် စဉ်းစားသင့်ကြောင်း၊ အချို့သော ကိုယ်စားလှယ်အဖွဲ့များက မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ''ရက်စက်ကြမ်းကြုတ် ခြင်း''၊''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း''စသည့် စကားလုံးများကိုသုံးနှုန်း၍ ကိုးကားဖော်ပြနေခြင်းကို မြန်မာနိုင်ငံအနေဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း၊ အဆိုပါကိုယ်စားလှယ်အဖွဲ့များနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဘက်လိုက်မှုမရှိဘဲ ရှုမြင်ကြရန်တိုက်တွန်းကြောင်း။

မြန်မာနိုင်ငံ၌ ''မျိုးနွယ်စုအား သုတ်သင်ရှင်းလင်းခြင်း'' မရှိကြောင်းကို ရှင်းလင်းစွာ အသိပေးပြောကြား လိုကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု လည်းမရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အစီရင်ခံစာ ထုတ်ပြန် ပြီး နာရီပိုင်းအတွင်း သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်းပေါင်း ၃ဝ ကျော်မှာ တစ်ပြိုင်တည်း အကွက်ကျကျတိုက်ခိုက်မှု ခံခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုများအား ARSA အဖွဲ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ARSA ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများကြောင့် လူများအသက် အိုးအိမ်ဆုံးရှုံးခဲ့ရပြီး နေရပ်စွန့်ခွာထွက်ပြေး ခဲ့ကြရကြောင်း၊ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ အမြောက်အမြားရှိကြောင်း။

မူဆလင်နှင့် ရခိုင်လူမျိုးများသာမက ဒိုင်းနက်၊မြို၊ သက်၊ မရမာကြီးကဲ့သို့သော တိုင်းရင်းသား လူနည်းစုများနှင့် ဟိန္ဒူဘာသာဝင်များလည်း ပါဝင်ကြောင်း၊ ယင်းတိုင်းရင်းသား လူနည်းစုများတည်ရှိမှုနှင့် ၎င်းတို့၏ဒုက္ခကိုကမ္ဘာ့နိုင်ငံ အတော်များများက မသိရှိကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အထိခိုက်ခံနယ်မြေမှ မူဆလင် အသိုက်အဝန်းသည် သတင်းများတွင် အကျယ်တဝင့်ဖော်ပြနေကြသကဲ့သို့ လူနည်းစုမဟုတ်ကြောင်း၊ စင်စစ်အားဖြင့်လူဦးရေတိုးပွား လာမှုကြောင့် ၎င်းတို့မှာ လူများစုဖြစ်ပြီး ယင်းဒေသရှိ လူဦးရေ စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အခြေအနေပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း။လက်ရှိအချိန်တွင် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးမှာ မိမိတို့၏အဓိက ဦးစားပေးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခွဲခြားမှုမရှိဘဲ လိုအပ်နေသူများအားလုံး အကူအညီရရှိစေရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေး ခဲ့ကြသည့်ဒုက္ခသည်များအား ၁၉၉၃ ခုနှစ် အတွေ့အကြုံပေါ်အခြေခံ၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိစစ်ရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် စိစစ်ရေးလုပ်ငန်း အဖွဲ့တစ်ဖွဲ့ကို အလျင်အမြန်ဖွဲ့စည်း သွားမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger