www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 29, 2017

မန္တလေးတိုင်း ဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ယခင်နှစ်ကထက် ယခုနှစ်တွင်မြင့်တက်လာ



မန္တလေး ၂၉-၉-၂၀၁၇

မန္တလေးတိုင်းဒေသကြီးသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုသည် ယခင်နှစ်ကထက် ယခုနှစ်တွင် မြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းယုက ပြောပြ၍ သိရသည်။

ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသည် မန္တလေးတိုင်းဒေသကြီး သို့လာရောက် လည်ပတ်ရာတွင် ၂ဝ၁၆ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၆၂၂၈ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ ၃၃၃ဝ၉ ဦး ဝင်ရောက်ခဲ့သောကြောင့် ယခင်နှစ်ကထက် ဝင်ရောက်မှု ပိုမိုမြင့်တက်လာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးသို့ နိုင်ငံခြားသား ဝင်ရောက်ရာတွင် သွားရောက်လည်ပတ် ကြသည့်နေရာများမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသ၊ တောင်သမန်တံတား၊ အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း၊ ရွှေကျောင်းတော် ကြီး၊မြနန်းစံကျော် ရွှေနန်းတော်၊ ကုသိုလ်တော်ဘုရား၊မန္တလေးတောင်၊ စန္ဒာမုနိဘုရား၊ အင်းဝပြတိုက်၊ အင်းဝဗားကရာကျောင်း၊ မယ်နုအုတ်ကျောင်း၊ ဆင်ကျုံးခံတပ်၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်ကြီးနှင့် တိုင်းရင်းသား ကျေးရွာ စသည့် နေရာများသို့အများဆုံး သွားရောက်လည်ပတ် ကြကြောင်း သိရသည်။

"ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဝင်ရောက်မှုက ပွင့်လင်းရာသီ မရောက်သေးခင်မှာပဲ မြင့်တက်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံခြားသားဝင်ရောက်မှု ရှိစေဖို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးတွေကို ဆောင်ရွက်ပေးပါတယ်။ လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေကို လဲဖော်ဆောင်ပေးပါတယ်။ မန္တလေးတိုင်း ဒေသကြီးဟာဆိုရင် ခရီးသွားကဏ္ဍမှာ အဆင့် (၃) လောက်ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်ရာတွင် ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းနှင့် လေကြောင်းလမ်းတို့မှ ဝင်ရောက်လာကြကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger