www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 31, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်၊ ဒေသခံတိုင်းရင်းသား ပြည်သူများ လက်ဝယ်သို့ လိုက်လံထောက်ပံ့ပေးလှူ


တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်ပေးစဉ်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်ပေးစဉ်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့်စားသောက်ကုန်များကို ဒေသခံတိုင်းရင်းသားပြည်သူများအား ပေးအပ်စဉ်။

တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးစဉ်။


နေပြည်တော် ၃၁-၈-၂၁၀၇

ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းဆောင်ရွက်လျက် ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အဆိုပါစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများတွင် ငါးသေတ္တာ ၆၄ ဖာ၊ ပဲဘူး ၆၄ ဖာ၊ ကြက်သွန်နီ ၆၂၀ ပိဿာ၊ စားသုံးဆီ ၁၄၂ ဒသမ ၅ ပိဿာ၊ ကြက်ဥ ၁၇၉၇၀ လုံး၊ ကြက်အူချောင်း/၀က်အူချောင်း ၂၁ ဖာနှင့် စောင် ၂၀၀၀ ထည်တို့ပါဝင်ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက နံနက်ပိုင်းတွင် လေယာဉ်ပေါ်သို့တင်ဆောင်ပေးကြရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ကြက်ဥ ၈၀၀၀ လုံး၊ ခေါက်ဆွဲခြောက် ၂၈၈၀ ထုပ်၊ ကြက်အူချောင်း ၁၁၅ ပိဿာ၊ ၀က်အူချောင်း ၁၄၇၄ ပိဿာ၊ ပဲကတ္တီပါ ၃၇ အိတ်နှင့် ငါးခြောက် ၈၀၀ ပိဿာတို့ကို ယနေ့ညနေပိုင်းတွင် တပ်မတော်သယ်ယူပို့ ဆောင်ရေး Y-8 လေယာဉ်ဖြင့် တံတားဦးမြို့ရှိ နယ်မြေခံလေတပ်စခန်းမှ စစ်တွေ လေဆိပ်သို့ပို့ဆောင်ပေးသည်။

အဆိုပါလေယာဉ်များသည် စစ်တွေလေဆိပ်သို့ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများအား စစ်တွေမြို့မှတစ်ဆင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရောက်ရှိနေသည့် တိုင်းရင်းသားပြည်သူများ လက်ဝယ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေရာအသီးသီး၌ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ရာ မင်းခမောင်းကျေးရွာ၌ တိုင်းရင်းသားပြည်သူ ၂၅၀ ဦး၊ ငါးရံ့ချောင်းကျေးရွာ၌ တိုင်းရင်းသားပြည်သူ ၁၅၀ ဦး၊ တရိန်း(ရခိုင်)ကျေးရွာ၌ တိုင်းရင်းသားပြည်သူ ၄၇၉ ဦး၊ မြ၀တီကျေးရွာ၌ ၂၄၆ ဦးနှင့် တောင်ဘဇာကျေးရွာ၌ တိုင်းရင်းသားပြည်သူ ၇၂၇ ဦး၊ စုစုပေါင်းတိုင်းရင်းသားပြည်သူ ၁၈၅၂ ဦးတို့ကို ပေးအပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger