www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 26, 2017

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ငါးများတင်လာသည့် ကုန်တင်ယာဉ်တစ်စီး ကားဘီးပေါက်၍ တိမ်းမှောက်



တံတားဦး ၂၆-၇-၂၀၁၇

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့နံနက်ပိုင်း၌ ငါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း စကားအင်း အမြန်လမ်းမကြီးရဲစခန်းမှ သိရသည်။

တံတားဦးမြို့နယ် စကားအင်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၅၇/၄ နှင့် ၃၅၇/၅ ကြား၌ ယနေ့ နံနက် ၈ နာရီခန့်က နေပြည်တော်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် ၈/----အဖြူရောင်ကုန်တင်ယာဉ် (လမ်းအသုံးပြုခွင့် ကတ်အမှတ် ဝ၂၂၆) မှာ ငါးများတင်ဆောင် မောင်းနှင်လာစဉ် ဝဲဘက်နောက် ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်၌ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ဘဲ ခြောက်ဘီး ကုန်တင်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဝဲဘက်ဘေး တံခါးမှန်ကွဲ၊ ဝဲဘက်နောက်ကြည့် မှန်ကွဲခန့်မှန်း တန်ဖိုးငွေကျပ် ငါးသိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းအောင်ကျော် မင်းကို စကားအင်းအမြန်လမ်းမ ကြီးရဲစခန်းကယာဉ် (ပ)၂၁/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉အရ အမှုဖွင့်အရေးယူ ထားကြောင်း သတင်း ရရှိသည်။

#yadnarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger