www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 30, 2017

ဂျာမနီနိုင်ငံက ပံ့ပိုးကူညီမှုဖြင့် ပလတ်စတစ်အမှိုက်မှ ကော်စေ့ထုတ်ယူနိုင်မည့် စက်ရုံတစ်ရုံကို ညောင်ဦးမြို့နယ်တွင် တည်ဆောက်သွားမည်


ပုဂံ-ညောင်ဦးဒေသ၏ သာယာကြည်နူးဖွယ်မြင်ကွင်းကို တွေ့ရစဉ်။

မန္တလေး ၃၀-၆-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ်တွင် ဂျာမနီနိုင်ငံက ပံ့ပိုးကူညီမှုဖြင့် ပလတ်စတစ်အမှိုက်မှ ကော်စေ့ ထုတ်ယူနိုင်မည့် စက်ရုံတစ်ရုံကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ပုဂံပလတ်စတစ် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု (ပုဂံပလတ်စတစ် ကမ်ပိန်း) အဖွဲ့နာယက ဦးနိုင်လင်းထက်က ပြောပြသည်။

အဆိုပါ စက်ရုံတည်ဆောက် နိုင်ရန်အတွက် ဂျာမနီနိုင်ငံ Stiftunglife ကုမ္ပဏီမှ အလှူရှင် Mr. Jurgen Gessner အမှိုက်မှကော်စေ့ ထုတ်ယူနိုင်မည့် စက်ကိရိယာများနှင့် အခြေခံအဆောက်အအုံ အပိုင်းကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ မြေဧရိယာနှစ်ဧက ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ ယင်းပလတ်စတစ် အမှိုက်မှ ကော်စေ့ထုတ်ယူနိုင်မည့် စက်ရုံကို ညောင်ဦးမြို့နယ် ညောင်ချောက်ကွင်း၊ ကျောက်ကူးကြိုးပြင် အဆိုပြုကာကွယ်တော ဧရိယာအတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း ပုဂံပလတ်စတစ် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု (ပုဂံပလတ်စတစ် ကမ်ပိန်း) အဖွဲ့မှ သိရသည်။

''ပလတ်စတစ်အမှိုက်ကို ဘယ်လိုပြန်ပြီး အသုံးချမလဲ ပလတ်စတစ်အမှိုက်က တစ်နေရာနဲ့တစ်နေရာ ရွေ့သွားတာပဲရှိတယ်၊ ဆွေးမြည့်ပြီး ပျောက်ပျက်သွားတာ မရှိဘူး၊ အမှိုက်ကနေ ဘာအပြောင်းအလဲ လုပ်လို့ရမလဲလို့ ကျွန်တော်တို့ အနေအထားနဲ့ အတိုင်းအတာကို လက်လှမ်းမီ သလောက် ဒီဒေသမှာလက်တွေ့ လုပ်နိုင်မယ့်ဟာ လေးတွေကို လေ့လာပါတယ်၊ အမှိုက်ကနေ ကော်စေ့ထုတ် နေတာတွေ့ရတယ်၊ အဲဒီလုပ်ငန်း လေးကိုသွား လေ့လာ ပြီးတော့ အဲဒီအဖွဲ့ကို ကျွန်တော်တို့က ဆက်သွယ်တာပေါ့၊ ကျွန်တော်တို့ဒေသကို လာလေ့လာကြည့်ဖို့ ကမ်းလှမ်းလိုက်တယ်၊ ကျွန်တော်တို့ဆီက ရတဲ့အမှိုက်တွေ တစ်ပတ်စာဘယ်လောက်ရှိလဲ သူတို့ဘက်ကလဲ လာရောက်လေ့လာပြီး ကူညီပေးမယ်ပေါ့၊ ကျွန်တော်တို့ကို သူတို့အနေနဲ့ သုံးခုတောင်းဆိုပါတယ်၊ မြေနေရာရယ်၊ ရေရရှိမှုရယ်၊ လျှပ်စစ်ရယ်ရရှိအောင် ကျွန်တော်တို့ဘက်က တာဝန်ယူပေးရမယ်၊ သူတို့ဘက်ကစက်ကိရိယာအပိုင်း ၊ အခြေခံအဆောက်အအုံ အပိုင်းကို တာဝန်ယူပေးပါမယ် ဆိုပြီး ဂျာမနီအဖွဲ့ကနေ ကမ်းလှမ်းသဘောတူ ထားပါတယ်'' ဟု ပုဂံပလတ်စတစ် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု (ပုဂံပလတ်စတစ် ကမ်ပိန်း)အဖွဲ့ နာယကက ဆက်လက် ပြောပြသည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြေနှစ်ဧက ခွငြ့်ပုချက်ရရှိ ပြီဖြစ်ပြီး စက်ဏ္ဍရုံတည်ဆောက်ရန် အတွက်လည်း ပံ့ပိုးကူညီပေးမည့် ဂျာမနီနိုင်ငံ Stiftunglife ကုမ္ပဏီက အလှူရှင် JurgenGessner နှင့် နှစ်ကြိမ်မက တွေ့ဆုံဆွေးနွေးပြီး ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် အသေးစိတ်ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

''လမ်ဘေးမှာရှိတဲ့ စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်တွေကို ကောက်ယူပြီး အမှိုက်ပုံးထဲသွားရွှေ့လိုက်တယ်၊ ဆွေးမြည့်ပျောက်ပျက် သွားတာမရှိဘူး၊ မြေဆီလွှာပေါ်မှာ နှစ်ရာချီပြီးတော့ တည်မြဲနေတဲ့ အခါကျတော့ တစ်ချိန်ချိန်မှာ ဒီကထွက်လာတဲ့ ဆိုးကျိုးတွေ အငွေ့အသက်တွေ ဒါတွေက လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်စေတယ်၊ ကျွန်တော်တို့က ပလတ်စတစ်အမှိုက်ကို နံပါတ်တစ် မီးရှို့ဖျက်ဆီးပစ်တာ ဖြစ်တဲ့အတွက် ဒီဟာကအငွေ့ အသက်တွေ မကောင်းဘူး၊ ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်၊ ဘယ်လို ပြောင်းပြီးတော့ ဘယ်လိုပြန်သုံးလို့ရမလဲဆိုတဲ့ အနေအထားမှာ ပလတ်စတစ်ကနေ ကော်စေ့ထုတ်မယ့် နည်းလမ်းက အကောင်းဆုံး လို့ထင်တယ်၊ပလပ်စတစ်အမှိုက်ကို recycle အနေနဲ့ ပြန်အသုံးချတဲ့အခါမှာ အကျိုးကျေးဇူးပိုပြီး ရရှိနိုင်ပါတယ်''ဟု ဦးနိုင်လင်းထက်က ပြောပြသည်။

သန့်ရှင်းတင့်တယ်မှုကို ပျက်စီးစေခြင်း (Disgrace)၊ သဘာဝပတ်ဝန်းကျင် တန်ဖိုးကို ယုတ်လျော့စေခြင်း (Degrade)၊ ကင်ဆာဘေးသင့်စေခြင်း (Dangerous) ဟူသော အကြောင်းအရာ သုံးရပ်ကြောင့် ညောင်ဦးခရိုင် အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် အခြားစိတ်ပါဝင်စား သူစေတနာရှင်များ စုပေါင်း၍ ပုဂံပလတ်စတစ် အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု (ပုဂံပလတ်စတစ် ကမ်ပိန်း)ကို ၂ဝ၁၄ခုနှစ် ဇွန်လ တတိယပတ်တွင် စတင်လုပ် ဆောင်ခဲ့ပြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်း အပတ်စဉ် စနေနေ့တိုင်းကောက်ယူခြင်း (Collect)၊ သယ်ယူစွန့်ပစ်ခြင်း(Carry) နှင့်ပလတ်စတစ်အမှိုက်၏ သဘာဝကို ပြောင်းလဲလျော့ပါး စေခြင်း(Change) လုပ်ငန်းစဉ် သုံးရပ်ဖြင့် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာမှ လက်ရှိအချိန်တွင် နိုင်ငံခြားသားများကပါ တစ်တပ်တစ်အား ပါဝင်လာလျက်ရှိသည်။

လူထုအသိပညာရရှိစေမှု (Public awareness) အတွက်လည်း ကွန်ပျူတာ၊ ပရိုဂျက်တာများဖြင့် လိုက်လံပြသ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ဆိုင်းဘုတ် များစိုက်ထူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်က ကောက်ယူစုဆောင်းထားသော ပလတ်စတစ်အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းသာ အဓိကလုပ်ဆောင် ခဲ့ရသော်လည်း ယခုအခါတွင်ထို အမှိုက်များကို ပလတ် စတစ်ရေသန့်ဘူးခွံ အလွတ်အတွင်းသို့ ဖိသိပ်ထည့်ပြီး အစားထိုးအုတ်အဖြစ် ပြန်လည်အသုံးချသည့် နည်းလမ်းကို ဆောင်ရွက်နေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger