www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်အတွက် အဆင်သင့်ဖြစ်နေပြီဟု အောင်လအန်ဆိုင်း ဆို



ရန်ကုန် ၂၉-၆-၂၀၁၇

UFC လောကတွင် “The Burmese Python” ဟု နာမည်ကြီးနေသော အောင်လအန်ဆိုင်းသည် ဇွန် ၃ဝရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် ONE Championship စိန်ခေါ်ပွဲ၌ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဗစ်တာလေးနှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အောင်လအန်ဆိုင်းသည် ကမ္ဘာ့ချန်ပီယံတစ်ဦးနှင့် ထိုးသတ်သွားရန် အကောင်းဆုံး ပြင်ဆင်ထားပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ် အတွက်လည်း အဆင်သင့် ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

၎င်းသည် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် UFC လောကသို့ ဝင်ရောက်ခဲ့သူဖြစ်ကာ UFC လောကတွင် ပိုင်နိုင်သော ချုပ်ကွက်များကြောင့် နာမည်ကြီးခဲ့ပြီး အမေရိကန် UFC လောက၌နေရာတစ်နေရာ ရယူနိုင်ခဲ့သူဖြစ်သည်။

အသက် ၃၂နှစ်ရှိ အောင်လအန်ဆိုင်းက ''ဗစ်တာလေးနဲ့ ထိုးသတ်သွားဖို့ သူ့ရဲ့ ကစားပုံကိုကျွန်တော် လေ့လာထားပါတယ်။သူနဲ့ ထိုးသတ်ခွင့်ရ ခဲ့တာဟာကျွန်တော့်ရဲ့ UFC ဖိုက်တာဘဝကို နောက်ထပ်အဆင့်တစ်ခု မြှင့်တင် နိုင်ခဲ့တယ်လို့ ယူဆမိပါတယ်။ ဒီပွဲစဉ်အတွက် ကျွန်တော် အကောင်းဆုံး ပြင်ဆင်ထားပါတယ်''ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းက ''ဗစ်တာလေးဟာ ကြံ့ခိုင်မှုကောင်းတဲ့ ဖိုက်တာတစ်ယောက်ပါ။ သူ့ရဲ့ ကန်ချက်တွေက အတော်ကောင်းပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခု တော့ရှိမှာပါ။ ကျွန်တော့်အနေနဲ့ သူ့ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူ နိုင်ဖို့အတွက် ကြိုးစားသွားမှာပါ''ဟု ပြောကြားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger