www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 29, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် နိုင်ငံသံအမတ်ကြီး H.E.Mr. Steve Marshall အားလက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၂၉-၆-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံသံအမတ်ကြီး H.E.Mr. Steve Marshall အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီး၏ တာဝန်ထမ်းဆောင်မှု ကာလအတွင်း မြန်မာ-နယူးဇီလန်နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့် လုပ်ဆောင်နိုင်မှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များဖြစ်သည့် နို့စားနွားမွေးမြူ ရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု၊ ငှက်ဖျားနှင့်တီဘီရောဂါ ဆေးယဉ်ပါးခြင်းအား သုတေသနပြုမှုတို့တွင် နည်းပညာဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များ အပြန် အလှန်စေလွှတ်မှု၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးနှင့် မိတ်ဆွေအဖြစ် မိတ်ဝတ်မပျက် ဆက်ဆံနေသကဲ့သို့ မြန်မာ့တပ်မတော် အနေဖြင့်လည်း နိုင်ငံတကာ တပ်မတော်များနှင့် မျှတစွာဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်လျက် ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကိစ္စရပ်များနှင့် မြေမြုပ်မိုင်းရှင်းလင်းရေး ကိစ္စရပ်များတွင် လုပ်ဆောင်နိုင်မည့် အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger