ညောင်ဦး ၂၈-၄-၂၀၁၇
ညောင်ဦး-ကျောက်ပန်းတောင်း သွားကတ္တရာလမ်းကို မြတ်နိုးသူ ကုမ္ပဏီက BOT စနစ်ဖြင့် တာဝန်ယူ၍ ဒေသခံပြည်သူများနှင့် ပုဂံညောင်ဦးသို့ ဘုရားဖူးလာရောက် ကြသည့် ပြည်တွင်း၊ ပြည်ပဘုရားဖူး ဧည့်သည်များ ယာဉ်အန္တရာယ် ကင်းစွာ မောင်းနှင်သွားလာ အသုံးပြုနိုင်ရေး အတွက် စဉ်ဆက်မပြတ် ကွင်းဆင်း၍ လမ်းများအဆင့်မြှင့် တင်ခြင်း၊ လမ်းပခုံးတိုးချဲ့ခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ယခုအချိန်တွင် ညောင်ဦးမြို့ အဝင်လမ်းမှာ ကျဉ်းမြောင်းနေ သည့်အတွက် ဘုရားဖူးယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများ ယာဉ်တစ်စီးနှင့် တစ်စီးကျော်တက် မောင်းနှင်ရာ၌ အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း၊ ယာဉ်မောင်းနှင်သူများ ယာဉ်အန္တရာယ် ဘေးကင်းလုံခြုံစွာ သွားလာမောင်းနှင် နိုင်ရေးအတွက် ယခင်ကတ္တရာလမ်းအကျယ် ၁၈ပေ အစား လမ်းအကျယ် ၂၄ပေထိ လမ်းဘေး ဝဲ၊ယာလမ်း ပခုံးတိုးချဲ့ ခြင်းလုပ်ငန်း များကို ဧပြီ ၂၆ရက်က ညောင်ဦးမြို့အဝင် ပုဂံဘူတာလမ်းဆုံအနီး မှစတင်၍ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
#Themyawadydaily



No comments:
Post a Comment