www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 29, 2017

တစ်နိုင်ငံလုံးတွင် မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေးကုန်သည်များ အသင်းဝင် ကုမ္ပဏီလီမိတက် များက ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့



မူဆယ် ၊ ၂၉-၃-၂၀၁၇

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံးတွင် မူဆယ်-နမ့်ခမ်း ကုန်သွယ်ရေး ကုန်သည်များ အသင်းဝင် ကုမ္ပဏီလီမိတက် များက ဝင်ငွေခွန် အများဆုံး ထမ်းဆောင် ခဲ့ကြောင်း(၂၂) ကြိမ်မြောက် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းနှစ်ပတ်လည် အစည်းအဝေး သတင်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးကို ယခုနှစ် မတ် ၂၆ ရက်က မူဆယ်မြို့ရှိ ကုန်သည်များအသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း အနေဖြင့် အသင်းသားပေါင်း ၆ဝဝဝ ကျော်နှင့် ရပ်တည်လျက်ရှိပြီး အသင်းအနေဖြင့် ၂ဝ၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ရေကြီး ရေလျှံမှုများတွင် ပါဝင်လှူဒါန်းခြင်း၊ တိုက်ပွဲရှောင် ပြည်သူများထံသို့ အသင်း မှဦးဆောင်၍ ညီနောင်အသင်းများ၊ အသင်းသားများနှင့် စုပေါင်း၍ အကူအညီများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထိုသို့အခွန်များ တိုးမြှင့်ထမ်းဆောင် နိုင်ခြင်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် အသင်းအနေဖြင့် လိုအပ်သည့် အကူအညီများ ကို ဆက်လက်၍ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း အဆိုပါ နှစ်ပတ်လည် အစည်းအဝေးတွင် အသင်းဥက္ကဋ္ဌ ဦးဌေးဦး က ပြောကြားခဲ့ကြောင်း သိရသည်။

မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း သည် အခက်အခဲများကြားမှ ကြိုးစားရပ်တည်လျက် ရှိနေသကဲ့သို့ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တောင်ပေါ်မြေပြန့် မခွဲခြားဘဲ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger