www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 30, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန်
 မြေသားလုပ်ငန်း ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးစဉ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား 
ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်ကြီး 
တည်ဆောက်နေမှု အခြေအနေများအား ရှင်းတင်းတင်ပြစဉ်

နေပြည်တော် ၊ ၃၀-၃-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့
နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်၊ မင်းဓမ္မကုန်းမြေရှိ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၏ ဝတ္တကမြေ အတွင်း၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင်များက တည်ဆောက် လှူဒါန်းသည့် သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုသည်။

ဦးစွာ ရှင်းလင်းဆောင်၌ သီရိမင်္ဂလာမဟာ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်နေမှု အခြေအနေများအား တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး အတွက် ပန်းအလှပင်များ၊ အရိပ်ရလေကာပင်များ စနစ်တကျ စိုက်ပျိုးရန်၊ ဂေါပကအဖွဲ့နှင့် ညှိနှိုင်း၍ ကားရပ်နားရန် နေရာ၊ အများသုံးသန့်စင်ခန်း များနေရာ၊ ရေစီးရေလာ ကောင်းမွန်စေရေး နှင့် ရေဆိုးထုတ်ရန် ကိစ္စရပ်များကို ထည့်သွင်း လုပ်ဆောင်ရေး၊ သတ်မှတ်ကာလ အတွင်း မြန်မာမှုကိစ္စရပ်များ အပါအဝင် လက်ရာသေသပ်စွာ ဆောက်လုပ်ပြီးစီးရေး တို့အား မှာကြားသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂေါပကအဖွဲ့များနှင့်အတူ မြေသားလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုကြသည်။ အဆိုပါသီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော်ကြီး ပန္နက်တော်တင်၊ တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနားအား မတ် ၉ ရက်တွင်ကျင်းပ ပြုလုပ်ခဲ့ပြီး အလျား ၁၈၆ ပေ၊ အနံ ၇၂ ပေရှိ နှစ်ထပ်ဗိမာန်တော်ကြီး ဖြစ်ကြောင်းနှင့် ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီး ချိန်တွင် ရန်ကုန် မြောက်ပိုင်းခရိုင် အတွင်း သံဃာတော်များ စာပြန်ပွဲ ကျင်းပခြင်းများ၊ သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်းများအား အဆင်ပြေချောမွေ့ စွာဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger