www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 31, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Shan Xi ပြည်နယ် စစ်ဒေသမှူး Maj. Gen. Gao Longfu မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Shan Xi ပြည်နယ် 
စစ်ဒေသမှူး Maj. Gen. Gao Longfu တို့ တွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် 
ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Shan Xi ပြည်နယ် စစ်ဒေသမှူး
 Maj. Gen. Gao Longfu က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ်


နေပြည်တော် ၊ ၃၁-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ရှိ နေသည့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် Shan Xi ပြည်နယ် စစ်ဒေသမှူး Maj. Gen. Gao Longfu မှ Xian မြို့ Hyatt Regency ဟိုတယ် Grand Ball Room ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ တက်ရောက်သည်။

ဦးစွာ ဟိုတယ် ဧည့်ခန်း၌ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် Shan Xi ပြည်နယ် စစ်ဒေသမှ တာဝန်ရှိသူများ မိတ်ဆက် တွေ့ဆုံကြသည်။ ယင်းသို့ တွေ့ဆုံရာတွင် စစ်ဒေသမှူး Maj. Gen. Gao Longfu က Shan Xi ပြည်နယ်နှင့် Xian မြို့တို့၏ နယ်မြေဒေသ အခြေအနေများ၊ ထူးခြားချက်များနှင့် လက်ရှိ ဆောင်ရွက်နေမှု တို့အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သမိုင်း အစဉ်အလာ ကြီးမား၍ ထူးခြားသော နယ်မြေဒေသသို့ လာရောက် လည်ပတ်ခွင့် ရရှိ၍ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ကောင်းမွန်သည့် နောက်ခံ အကြောင်းအရာ များရှိသော ပြည်နယ်ဒေသ ဖြစ်ခြင်းကြောင့် ယခုထက် ပိုမို၍ တိုးတက်လာမည်ဟု ယုံကြည်ကြောင်း ပြန်လည် ပြောကြားပြီး အထိမ်းအမှတ် ပစ္စည်းများ အပြန် အလှန် လဲလှယ်ကြသည်။

ယင်းနောက် ပြည်နယ် စစ်ဒေသမှူးမှ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာ Maj. Gen. Gao Longfu နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ဦးစွာ နှုတ်ခွန်းဆက် စကားများ ပြောကြား ကြသည်။ ထို့နောက် တက်ရောက် လာသူများနှင့် အတူ ရင်းရင်းနှီးနှီး ညစာ သုံးဆောင်ကြပြီး ညစာ သုံးဆောင်နေစဉ် အတွင်း ရိုးရာတေးဂီတ များဖြင့် တီးမှုတ်ဖျော်ဖြေ ကြသည်။ ညစာ သုံးဆောင်ပြီးချိန် တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်နယ် စစ်ဒေသမှူး တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီးနောက် တက်ရောက် လာသူများ နှင့်အတူ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Xian မြို့တွင်း ရှိ Tang Le Gong ကပွဲရုံသို့ သွားရောက်ပြီး Tang မင်းဆက် ခေတ်ကာလ အဆိုအကဖျော်ဖြေ တင်ဆက်မှု အစီအစဉ်များအား ကြည့်ရှုအားပေး ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ 
Xian မြို့တွင်းရှိ Tang Le Gong ကပွဲရုံတွင် Tang မင်းဆက် ခေတ်ကာလအဆိုအက
 ဖျော်ဖြေတင်ဆက်မှု အစီအစဉ်များကို ကြည့်ရှု အားပေးစဉ်


ယင်းဖျော်ဖြေ တင်ဆက်မှုများသည် လွန်စွာ ခမ်းနား ကောင်းမွန် သောကြောင့် ရှီအန်းမြို့သို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ ဧည့်သည်များ စိတ်ပါဝင်စားစွာ ဖြင့် သွားရောက် ကြည့်ရှုကြသည့် အထင်ကရနေရာ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger