www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, October 30, 2016

မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Shan Xi ပြည်နယ် ၊ Hang Zhong မြို့ ၊ Xian မြို့များသို့ ရောက်ရှိလေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Xian မြို့ရှိ ချင်းရှီဟွမ် ဘုရင့်စစ်သည်တော် ရုပ်တုများအား လေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Shan Xi ပြည်နယ် ၊ Hang Zhong မြို့ ၊ Chenggu လေဆိပ်သို့ ရောက်ရှိရာ CATIC ကုမ္ပဏီဥက္ကဋ္ဌ Mr. Yang Ying နှင့် တာဝန်ရှိသူများက 
ကြိုဆိုနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ CATIC ကုမ္ပဏီမှ ထုတ်လုပ်သည့် Y-9E သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ကြည့်ရှုလေ့လာစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ Y-9E သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် အမှတ်တရဓာတ်ပုံရိုက်စဉ်

Xian မြို့ရှိ ချင်းရှီဟွမ်ဘုရင့် စစ်သည်တော်ရုပ်တုများကု တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ ဒေသ စံတော်ချိန် နံနက် ၉ နာရီတွင် ကူမင်းမြို့၊ Chang Shui အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အထူးလေယာဉ်ဖြင့် ဆက်လက် ထွက်ခွာရာ လေဆိပ်၌ ယူနန်ပြည်နယ် ဒုတိယ စစ်ဒေသမှူး Major General Qu Xin Yong နှင့်တပ်မတော် အရာရှိကြီးများ၊ ကူမင်းမြို့ ကောင်စစ်ဝန်ချုပ် ဦးစိုးပိုင် နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက် ကြသည်။

ယင်းနောက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄ဝ မိနစ်တွင် Shan Xi ပြည်နယ်၊ Hang Zhong မြို့၊ Chenggu လေဆိပ်သို့ ရောက်ရှိကြရာ CATIC ကုမ္ပဏီဥက္ကဋ္ဌ Mr. Yang Ying နှင့် တာဝန်ရှိသူ များက ကြိုဆိုကြသည်။ 

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့သည် CATIC ကုမ္ပဏီမှ ထုတ်လုပ်သည့် Y-9E သယ်ယူ ပို့ဆောင်ရေး လေယာဉ်အား ကြည့်ရှုလေ့လာ ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်သည်။ ထို့နောက် ကုမ္ပဏီ၏ ရှင်းလင်းဆောင်တွင် တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ်နှင့်အဖွဲ့အား CATIC ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ လေယာဉ် ထုတ်လုပ်မှု အခြေအနေ များအား ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြသည်။ ၄င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ကုမ္ပဏီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တို့သည် အထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Xian မြို့၊ Lintong လေဆိပ်သို့ ရောက်ရှိကြရာ Shan Xi ပြည်နယ် ဒုတိယ စစ်ဒေသမှူး Major General Li Shengli နှင့်တာဝန်ရှိသူ များက ကြိုဆိုကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် Xian မြို့ရှိ ချင်းရှီဟွမ် ဘုရင့်စစ်သည်တော် ရုပ်တုများအား သွားရောက် လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။ အဆိုပါ စစ်သည်တော် ရုပ်တုများအား တရုတ်ပြည်၏ ဘုရင်တစ်ပါး ဖြစ်သည့် ချင်းရှီဟွမ် ဘုရင်က လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝ ကျော် ဘီစီ ၂၄၆ ခုနှစ်က စတင်ပြုလုပ် ခဲ့ပြီး ၁၁ နှစ်ခန့် ကြာမြင့်အောင် ထုလုပ်ခဲ့ကြောင်း၊ အဆိုပါ ရုပ်တုများအား ၁၉၇၄ ခုနှစ်တွင် Xian မြို့ရှိ လယ်သမားများက ရှာဖွေတွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် အစိုးရမှ စစ်သည်ရုပ်တု များနှင့် မြင်းရုပ်တု ပြတိုက် စတင်ဆောက်လုပ် ခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း၊ အဆိုပါပြတိုက် သည် စတုရန်းမီတာ ၁၆၃ဝဝ ကျယ်ဝန်းပြီး တွင်းကြီး ၃ ခုအတွင်းမှ ချင်းရှီဟွမ် ဘုရင်၏ ဂူသင်္ချိုင်း အပါအဝင် စစ်သည် ရုပ်တုပေါင်း ၈ဝဝဝ ကျော်နှင့် စစ်ရထားရုပ်များ၊ မြင်းရုပ်များ၊ မြင်းစီးစစ်သည် ရုပ်တုများ၊ လက်နက်များကို စနစ်တကျ တူးဖော် ထိန်းသိမ်းထားရှိ ကြောင်း သိရှိရသည်။ ၄င်းကို ၁၉၈၇ ခုနှစ် တွင် UNESCO မှ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် တစ်ခုအဖြစ် အသိအမှတ်ပြု ခဲ့ပြီး ရှေးဟောင်း တရုတ်လူမျိုး တို့၏ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားမှုကို ထိန်းသိမ်းပြသ ထားသည့် နေရာတစ်ခု ဖြစ်ကာ နေ့စဉ်လာရောက် လေ့လာသူ ၃ဝဝဝဝ ခန့်ရှိကြောင်း၊ နေ့ထူးနေ့မြတ် များတွင် တစ်သိန်းကျော် အထိလာရောက်လေ့လာကြကြောင်း သိရှိရသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ပြတိုက်အတွင်း လှည့်လည် ကြည့်ရှုပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြတိုက် ဧည့်သည်တော် မှတ်တမ်း၌ မှတ်တမ်းတင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger