www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 30, 2016

မွေတော်ကက္ကူပရိဝုဏ် အတွင်းရှိ ဘုရားစေတီပုထိုးများကို အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မည်



တောင်ကြီး ၊ ၃၀-၉-၂၀၁၆

ယခုနှစ် မေလအတွင်း ဖြစ်ပွားခဲ့သည့် မုန်တိုင်းဒဏ်ေ ကြာင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ရှိ မွေတော် ကက္ကူဘုရား ပရိဝုဏ် အတွင်းရှိ စေတီ ပုထိုးပေါင်း များစွာ ပျက်စီးခဲ့ရာ အဆိုပါ ပျက်စီးမှုများကို ရှေးမူလက်ရာ မပျက် ပြန်လည် ပြုပြင်ရန် ပညာရှင် များနှင့် ဆွေးနွေး ခဲ့ကြောင်း အဆိုပါ ဘုရားဂေါပက အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

''ပြုပြင်ရမယ့် ဘုရားစေတီ ပုထိုးပေါင်းက များတာကြောင့် ပထမ ဦးစားပေး အနေနဲ့ ဉာဏ်တော်အမြင့် ၁၄ ပေ ကနေ ပေ ၃ဝ အထိ၊ ဒုတိယ ဦးစားပေး အနေနဲ့ ဉာဏ်တော် အမြင့် ၁၉ ပေ ကနေ ၂၄ ပေအထိနဲ့ အပျက်အစီး နည်းပါးတဲ့ အရံစေတီ တွေကို နောက်ဆုံးအဆင့် ဆိုပြီး ခွဲခြားပြင်ဆင် သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။

ပျက်စီးသွားသော စေတီပုထိုးများ အနက် အကြီးစား ပြုပြင်ရမည့် စေတီများမှာ ၁ဝ၄ ဆူ၊ အလတ်စား ပြုပြင်ရမည့် စေတီများမှာ ၅၉၂ ဆူရှိပြီး အသေးစား ပြုပြင်ရမည့် စေတီမှာ ၃၄၂ ဆူရှိကြောင်း သိရသည်။ မေလအတွင်း က မွေတော်ကက္ကူ ဘုရား ပရိဝုဏ် အတွင်းရှိ ဆုတောင်း ပြည့် အာသောက ဘုရားကြီးကို ဦးစားပေး ပြင်ဆင်ခဲ့ရာ လက်ရှိတွင် ပြင်ဆင်မှု ၈ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျက်စီးသွားသော စေတီပုထိုး များကို အနယ်နယ် အရပ်ရပ်မှ အလှူရှင်များ နှင့် ဘုရားဖူးများ လာရောက် လှူဒါန်းထားသော အလှူငွေ များနှင့် ပြန်လည်ပြုပြင် လျက်ရှိပြီး ပြန်လည် မွမ်းမံရန် မေလအတွင်း မှစတင်၍ အလှူငွေများ ကောက်ခံခဲ့ရာ သြဂုတ်လအထိ စုစုပေါင်း အလှူငွေ ငွေကျပ် သိန်းပေါင်း ၂ဝဝဝ ကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger