www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 27, 2016

နေထိုင်စားသောက်မှုပုံစံ မှားယွင်းမှုကြောင့် အမျိုးသားကျန်းမာရေး အသုံးစရိတ် ၁၁ ဘီလီယံ စတာလင်ပေါင် ပို၍ကုန်ကျနေ



လန်ဒန် ၊ ၂၇-၉-၂၀၁၆

အင်္ဂလန်နိုင်ငံတွင် လူအများ၏ နေထိုင် စားသောက်မှုပုံစံ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော ကျန်းမာရေး ပြဿနာများကို နှစ်စဉ် စတာလင်ပေါင် ၁၁ ဘီလီယံထက် မနည်း အကုန်အကျခံကာ ကုသပေးနေ ရကြောင်း အမျိုးသား ကျန်းမာရေးဌာန NHS က ထုတ်ပြန် ကြေညာသည်။ 

အင်္ဂလန်နိုင်ငံသား များသည် အစားအသောက် ရွေးချယ်မှု မမှန်ကန်ခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ဆေးလိပ် သောက်ခြင်း အစရှိသည့် ကျန်းမာရေးနှင့် ဖီလာဆန့်ကျင်သော စားသောက်မှုပုံစံ နှင့် ညအိပ်စက်ချိန် အပြည့်အ၀ မရရှိခြင်း၊ ကိုယ်လက် လှုပ်ရှားမှု အားနည်းခြင်း အစရှိသည့် နေထိုင် စားသောက်မှုပုံစံ မှားယွင်းနေခြင်း ဖြစ်ကြောင်း နှင့် ယင်းမှားယွင်းမှုကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် မပြုပြင်ကြ ပါက လာမည့် နှစ်အနည်းငယ် အတွင်း အင်္ဂလန်နိုင်ငံ၏ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ်မှာ လောက်င တော့မည် မဟုတ်ကြောင်း NHS မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

" အင်္ဂလန်မှာ ဆီးချိုရောဂါနဲ့  ဆေးလိပ် သောက်ခြင်းကြောင့် ဖြစ်ပွားသော လေပြွန်ရောင် ရောဂါ တွေဆိုတာ တားမနိုင် ဆီးမရ ကူးစက်ရောဂါ သဖွယ် အဖြစ်များ နေပါတယ်။ ဥပမာ Fleetwood, Lancashire လိုမြို့ တွေမှာ လူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းဟာ ကုရာနတ္တိ ဆေးမရှိတဲ့ နာတာရှည်ရောဂါ တွေကို ခံစားနေကြ ရပါတယ်။ သူတို့ တွေ ဆိုတာ NHS အနေနဲ့  ရေရှည်စောင့်ရှောက် ကုသပေး ရတော့မယ့် လူနာတွေ ဖြစ်ပါတယ် " ဟု ၄င်းက ဆက်လက်ပြော ပြသည်။ 

" ၀ိတိုရိယ ဘုရင်မခေတ်ကို ပြန် လှမ်းမျှော်ကြည့်မယ် ဆိုရင် အဲဒီတုန်းက ပိုလီယိုရောဂါကို ဘယ်လိုများ ကာကွယ်ရမလဲ လို့ တွေးပူခဲ့ရ ပါတယ်။ အခု ပိုလီယိုကို ကျွန်တော်တို့  ကျော်လွှားနိုင်ခဲ့ ပါပြီ။ ဒါပေမယ့် လက်ရှိအင်္ဂလန်မှာ ဖြစ်နေတာ က ကူးစက်ရောဂါ မဟုတ်ဘဲ လူတွေရဲ့ နေထိုင်မှုနဲ့ စားသောက်မှုပုံစံ မှားယွင်းမှုကြောင့် ဖြစ်ပါတယ်။ လူတစ်ယောက် ချင်းစီက အဲဒီလူနေထိုင်မှုနဲ့ စားသောက်မှုပုံစံကို မိမိ အသိစိတ်ဓာတ် နဲ့ပြုပြင်လိုက်မယ် ဆိုရင် နိုင်ငံအတွက် ကုန်ကျနေတဲ့ ကြီးလေးတဲ့ ကျန်းမာရေး စောင့်ရှောက်စရိတ် ကို အခြား ပိုအကျိုးရှိတဲ့ နေရာတွေမှာ သုံးစွဲနိုင်မှာ ဖြစ်သလို တစ်မျိုးသားလုံး ကျန်းမာရေးလည်း ပြန်ပြီးတိုးတက် ကောင်းမွန် လာနိုင်ပါတယ် ဓ ဟု NHS မှ  တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

အင်္ဂလန်တွင် နေထိုင် စားသောက်မှုပုံစံ မှားယွင်းနေသော မြို့ များ၌ လူ့ ဘ၀သက်တမ်း သည် ကျန်းမာသော မြို့ များတွင် နေထိုင်သူများ၏ လူ့ ဘ၀သက်တမ်း နှင့်နှိုင်းလျှင် အသက် ခြောက်နှစ်ထက် မနည်း တိုနေပြီ ဖြစ်သည့်အတွက် လူနေထိုင်မှုနှင့် စားသောက်မှုပုံစံကို အမြန်ဆုံးပြုပြင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger