www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 31, 2016

ဆက်ကြေးလာရောက် ကောက်ခံသည့် KIA လက်နက်ကိုင်အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရမိ


KIA လက်နက်ကိုင်အဖွဲ့မှ လဖိုင်ဆိုင်းအောင် ကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက ဇူလိုင် ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် KIA လက်နက်ကိုင် အဖွဲ့မှ ဆက်ကြေး ကောက်ခံရန် ချိန်းဆိုထားကြောင်း သတင်းအရ နမ္မကျေးရွာ၊ ဥရုချောင်း အနီးရှိ ဥရုကမ်းသာ စားသောက်ဆိုင် ၌ အသွင်ယူ စောင့်ဆိုင်းစဉ် KIA လက်နက်ကိုင် အဖွဲ့မှ အကူစာရေး အဆင့်ရှိသူ လဖိုင်ဆိုင်းအောင် (ဘ) ဦးဆိုင်းနော် ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။ ထို့ပြင် ဆက်ကြေးပေးရန် ဆင့်ခေါ်ထားသည့် လယ်ပြင်ကျေးရွာ မှရွာသူ၊ ရွာသား ငါးဦးအား ၄င်းနေရာတွင် တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ လဖိုင်ဆိုင်းအောင် အား တရားဥပဒေ အရ ထိရောက်စွာ အရေးယူနိုင်ရေး ဖားကန့်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

့မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger