www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 31, 2016

တိုင်းရင်းသားလူငယ်များ တက်ရောက်နိုင်မည့် ပုဂ္ဂလိကစိုက်ပျိုးရေး သင်တန်းကျောင်း လျှောက်လွှာများ စတင်လက်ခံ


ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ညောင်ပင်သာယာ ကျေးရွာရှိ ပုဂ္ဂလိက စိုက်ပျိုးရေး သင်တန်းကျောင်း တစ်ခုဖြစ်သည့် Network for Environment and Economic Development (NEEDMyanmar) အဖွဲ့အစည်း၏ Eco Village Farm- EVF School မှ တစ်နှစ်လျှင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ တိုင်းရင်းသား လူမျိုး ၄ဝ ဦးခန့်အား သင်ကြား ပေးလျက် ရှိသည်။ ယခုအခါ သင်တန်းကျောင်းမှ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် သင်တန်း အမှတ်စဉ် (၄) အတွက် လျှောက်လွှာများ စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ သင်တန်းရဲ့ မျှော်မှန်းချက် က စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲမယ့် လုပ်ဆောင်ချက် တွေကို ပိုမိုပြန့်ပွား စေပြီးတော့ လူ့ဘောင် အဖွဲ့အစည်းမှာ စွမ်းရည် မြှင့်တင်ရေး အခြေခံ အခွင့်အရေးတွေနဲ့ လုံခြုံစိတ်ချ ရတဲ့ဘဝတွေကို ပိုင်ဆိုင်မှု၊ လူသားချင်း စာနာမှု၊ အစားအစာ လုံလောက်စွာ ရရှိမှု၊ လူထု အခြေပြု ဖွံ့ဖြိုးရေးနဲ့ ဘက်စုံဖွံ့ဖြိုးရေး နည်းဗျူဟာတွေ ပူးပေါင်းပြီး လုပ်ဆောင်မှု စတဲ့ အချက်တွေကို မျှော်မှန်း လုပ်ဆောင် နေပါတယ်'' ဟု NEED- Myanmar ကိုတည်ထောင်သူ ဦးခိုင်ဓူဝံ က ပြောသည်။

အဆိုပါ သင်တန်းကို ၁ဝ လကြာ သင်ကြားပေးမည် ဖြစ်ကာ စိုက်ပျိုးရေးဒေသ ဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်ကြားပေးမည် ဖြစ်ကာ တက်ရောက်ခဲ့သည့် သင်တန်းသားများက တတ်မြောက်သည့် ပညာရပ် များကို မိမိတို့ဒေသ ၌ ပြန်လည်သင်ကြား ပေးရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ NEED- Myanmar အဖွဲ့အစည်းမှာ မြန်မာ တစ်နိုင်ငံလုံးရှိ လူငယ်များအား ၂ဝဝ၆ ခုနှစ်မှ၂ဝ၁ဝ ပြည့်နှစ်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ Model Farm Initiative -MFI အစီအစဉ်ဖြင့် ဖွင့်လှစ် သင်ကြားခဲ့ရာ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ် မှစတင်၍ Eco Village Farm-EVF အမည်ဖြင့် ပြောင်းလဲပြီး တိုင်းရင်းသား လူငယ်များအား ဖွင့်လှစ်သင်ကြား ပေးခဲ့သည်။

ယင်းသင်တန်း တက်ရောက်လိုသူ များသည် လျှောက်လွှာများကို အဆိုပါ သင်တန်းကျောင်း သို့ ဧပြီလကုန် နောက်ဆုံးထား လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger