www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 29, 2016

ပြည်ပသို့ စိန်တစ်လုံးသရက်သီး တင်ပို့မှု ယမန်နှစ်ကထက် တန်ချိန် ၂၀၀ တိုးမြှင့် တင်ပို့မည်



ရန်ကုန် ၊ ၂၉-၂-၂၀၁၆

ပြည်ပသို့ စိန်တစ်လုံး သရက်သီး တင်ပို့မှုအဖြစ် ယမန်နှစ်က စင်ကာပူနိုင်ငံ သို့ တန်ချိန် ၃ဝဝ ခန့် တင်ပို့ခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၅ဝဝ တင်ပို့မည် ဖြစ်သောကြောင့် ယမန်နှစ်ကထက် တန်ချိန် ၂ဝဝ တိုးမြှင့် တင်ပို့မည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်သီးဝလံ အသင်းမှ သိရသည်။

ယခုနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၌ စိန်တစ်လုံး သရက်သီး တန်ချိန် ၂၅ဝဝ မှ ၃ဝဝဝ ကြားထွက်ရှိပြီး ရွှေဟင်္သာနှင့် ရင်ကွဲ သရက်သီး များလည်း ထွက်ရှိရာ တရုတ်နိုင်ငံ သို့ မူဆယ် ၁ဝ၅ မိုင်မှတစ်ဆင့် တင်ပို့ရောင်းချ လျက်ရှိကြောင်း ဒီပဲယင်းမြို့နယ် မှသစ်သီးဝလံ အသင်း ဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောသည်။

''ပြည်ပတင်ပို့ဖို့ စာချုပ်တွေတော့ ချုပ်ထားတာ ရှိတယ်။ ပင်လယ် ရေကြောင်းက တင်ပို့မယ်ဆိုရင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီးမှ တစ်ဆင့်တင်ပို့ ရတယ်။ စိန်တစ်လုံး သရက်သီးကို စင်ကာပူကို တိုးပြီးတင်ပို့ဖို့ ရှိပါတယ်'' ဟု ၄င်းက ပြောသည်။ သွင်းအားစု ကုမ္ပဏီများမှ ဝယ်ယူကာ စိန်တစ်လုံးနှင့် ရွှေဟင်္သာ သရက်သီးတို့ကို စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံ တို့သို့ တင်ပို့လျက် ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။ 

သရက်သီး အထွက်နှုန်းမှာ ရာသီဥတု အပေါ် မူတည်သောကြောင့် ယခုနှစ် မေလကုန်အထိ စောင့်ကြည့်ရမည် ဖြစ်ကာ ဂျပန်နိုင်ငံ မှလည်း စိန်တစ်လုံး သရက်သီးကို ဝယ်ယူရန် စိတ်ဝင်စားလျက် ရှိကြောင်း သရက်သီး တင်ပို့သော ကုမ္ပဏီများမှ သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger