www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 26, 2015

အမျိုးသားကဇာတ်ရုံ အကြီးစား အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်


ရန်ကုန် ၊ ၂၆-၁ဝ-၂ဝ၁၅

ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန အောက်ရှိ အမျိုးသား ကဇာတ်ရုံ (ရန်ကုန်)၌ မီးစနစ်၊ အသံစနစ်၊ ဆက်တင်စနစ် နှင့် လေအေးပေး စက်များကို တရုတ်နိုင်ငံ ပညာရှင်များနှင့် အကြီးစား အဆင့် မြှင့်တင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ပြင်ဆင်မှုများ အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အမေရိကန် ဒေါ်လာ သုံးသိန်းကျော် တန်ဖိုးရှိ အလျား ၈ ဒသမ ၈၂၃ မီတာ၊ အနံ ၅ ဒသမ ၁၈၄ မီတာ အရွယ်ရှိ LED ဘုတ်အကြီး တစ်ချပ်၊ အလျား ၅ ဒသမ ၁၈ မီတာ၊ အနံ ၃ ဒသမ ဝ၇၂ မီတာအရွယ်ရှိ LED ဘုတ်နှစ်ချပ် နှင့် ဆက်စပ် ပစ္စည်းများ ပံ့ပိုးကူညီ တပ်ဆင်ပေး သွားမည်ဖြစ်သည်။

အမျိုးသား ကဇာတ်ရုံ (ရန်ကုန်) အကြီးစား ပြင်ဆင်မှု အတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ပညာရှင် များသည် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး အကြီးစား ပြင်ဆင်ချိန်ကို ၁ဝ ရက်မှ နှစ်ပတ်ကြာ သတ်မှတ်ခဲ့ သောကြောင့် အမျိုးသား ကဇာတ်ရုံကို နိုဝင်ဘာလ တစ်လလုံး အသုံးမပြုဘဲ ရပ်နားထားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မန္တလေး မြို့ရှိ အမျိုးသား ကဇာတ်ရုံ (မန္တလေး) ကိုလည်း Stage Equipment , Air Con Cooling Towen Water Cool Chiller  နှင့် Stage Lighting များ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆုလာဘ် ၊ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger