www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 29, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့ မှတစ်ဆင့် ပူနေးမြို့သို့ရောက်ရှိ၊ TA TA MOTORS သို့လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် TA TA MOTORS Limited ၊ Executive Director Mr. Ravi Pisharody တို့ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

TA TA MOTORS လုပ်ငန်းခွင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ TA TA MOTORS Limited ၊ Executive Director Mr. Ravi Pisharody နှင့်ဇနီးတို့ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ 
တက်ရောက်စဉ်


နေပြည်တော် ၊ ၂၉-၇-၂ဝ၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက် ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဂိုအာမြို့မှ တစ်ဆင့် ပူနေး လေဆိပ်သို့ ဇူလိုင် ၂၇ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ရောက်ရှိရာ Airforce Station PUNE မှ Chief Operation Officer,Group Captain Vij နှင့်ဇနီးတို့က ရင်းနှီးစွာ ကြိုဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ပူနေးလေဆိပ် မှ မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်တွင် မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာရာ TA TA MOTORS Limited သို့ မွန်းလွဲ ၃ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိပြီး TA TA MOTORS မှ Executive Director Mr.Ravi Pisharody နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် TA TA MOTORS မှ တာဝန်ရှိ သူတစ်ဦးက ကုမ္ပဏီနှင့် ပတ်သက်သည့် အချက်အလက် များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြပြီး TA TA MOTORS ၏ ထုတ်လုပ်မှု လုပ်ငန်းခွင် အတွင်းလှည့်လည် ကြည့်ရှု လေ့လာရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသသည်။

TA TA MOTORS သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတကာ အခြေစိုက် မော်တော်ကား ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီး TA TA Group ၏ ကုမ္ပဏီခွဲ တစ်ခုလည်း ဖြစ်သည်။ နိုင်ငံတကာ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီများ အနက် ကမ္ဘာ့အဆင့် ၁၇ ရှိသော အကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကုန်တင်ကား ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် ၄ နှင့် ဘတ်စ်ကား ထုတ်လုပ်ရာတွင် ကမ္ဘာ့အဆင့် ၂ သတ်မှတ်ခံရသော ကုမ္ပဏီတစ်ခု ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး အဖွဲ့သည် မော်တော်ယာဉ် များဖြင့် TA TA MOTORS မှ ပြန်လည် ထွက်ခွာလာရာ ခေတ္တ တည်းခိုသည့် JW Marriott ဟိုတယ်သို့ ညနေ ၆ နာရီတွင် ရောက်ရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ညပိုင်းတွင် JW Marriott ဟိုတယ်၌ TA TA MOTORS Limited ၊ Executive Director Mr.Ravi Pisharody နှင့်ဇနီးတို့မှ တည်ခင်း ဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်သည်။ ညစာစားပွဲ မကျင်းပမီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် Mr. Ravi Pisharody တို့က နှုတ်ခွန်းဆက် စကားများ အပြန်အလှန် ပြောကြားကာ အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ညစာကို အတူတကွ သုံးဆောင် ကြသည်။ ညစာ မသုံးဆောင်မီ နှင့် သုံးဆောင် နေစဉ်တွင် Country Music တေးသီချင်းများဖြင့် တီးခတ်ဖျော်ဖြေ ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger