www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 31, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်( ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး


နေပြည်တော် ၊ ၃၁-၇-၂ဝ၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယသမ္မတနိုင်ငံ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတ နိုင်ငံတပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM တို့ အထိမ်းအမှတ်တံဆိပ် နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

အိန္ဒိယ သမ္မတနိုင်ငံ သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ)ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ဇူလိုင် ၂၉ ရက် ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အိန္ဒိယ သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန South Block Lawns ရင်ပြင် မြက်ခင်းပြင် ၌ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုပွဲ အခမ်းအနားသို့ မော်တော်ယာဉ်ဖြင့် ရောက်ရှိလာရာ အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha,PVSM, AVSM,VM က ရင်းနှီးခင်မင်စွာ ကြိုဆို နှုတ်ဆက်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြု ခြင်းကို ခံယူပြီးနောက် ဂုဏ်ပြု တပ်ဖွဲ့အား ဆက်လက် စစ်ဆေးခဲ့ကာ အခမ်းအနား တက်ရောက် လာသူများနှင့် အပြန်အလှန် မိတ်ဆက် ပေးသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် တို့သည် နံနက် ၁၁ နာရီတွင် လေတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံ ဆွေးနွေးကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက် ကြပြီး အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် လေတပ် ဦးစီးချုပ် နှင့်အတူ Air Marshal PP Reddy ၊ Lt. Gen Bhalla ၊ Vice Admiral G Luthra နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နှစ်ရပ် ချစ်ကြည်ရေး ခိုင်မာ လာစေရန်နှင့် နယ်ပယ် အားလုံးတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် လာရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း၊ ဘန်ဂလို နှင့် ဂိုအာတို့တွင် အိန္ဒိယ တပ်မတော်၏ လေယာဉ်နှင့် Naval Aviation ကိစ္စများ၊ Shipyard နှင့် Port များ၊ Information Management and Analysis Center တို့အား လေ့လာနိုင်ခဲ့ ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ဆိုင်ရာကဏ္ဍတွင် သတင်း ဖလှယ်မှုသည် အရေးကြီးပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ သင်တန်းသားများ ကိုလည်း တိုးမြှင့်စေလွှတ် သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် မိမိတို့နိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများ ငြိမ်းချမ်းရေး အတွက် Nation Wide Cease Fire ကို လက်မှတ်ရေးထိုး ရန်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် မြန်မာနိုင်ငံ အတွင်း အခြေပြုပြီး အိန္ဒိယ အပါအဝင် မည်သည့် အိမ်နီးချင်းနိုင်ငံ ၏ အချုပ်အခြာ အာဏာကို ထိခိုက်အောင် လုပ်ဆောင်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့ တပ်မတော်သည် နိုင်ငံ၏ သမိုင်းကြောင်းနှင့် ထပ်တူ တည်ရှိ နေသဖြင့် ထိန်းသိမ်းပေး ရမည့်တာဝန် ရှိသည်ဟု ပြောနိုင်ပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် မိမိတို့ ရပ်တည်ချက် ကိုလည်း ဆွေးနွေး ဖော်ပြခဲ့ ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ရေ၊ လေ) ပူးတွဲစစ်ဦးစီးချုပ် နှင့် လေတပ်ဦးစီးချုပ် က ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံး၏ ပူးပေါင်း ဆောင်ရွက်မှု များကို မြှင့်တင် နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသား များကိုလည်း တိုးမြှင့် စေလွှတ်ပေး စေလိုကြောင်း၊ Naval Visit ကိစ္စများ ကိုလည်း တိုးမြှင့်ဆောင်ရွက် မည်ဖြစ်ပြီး ရေကြောင်း ကင်းထောက်နှင့် လေကြောင်း ကင်းထောက် ကိစ္စများ ကိုလည်း လေ့လာ၍ ပူးပေါင်း ဆောင် ရွက်နိုင် ပါကြောင်း၊ အကြမ်းဖက် အန္တရာယ် သည် အရေးကြီးသည့် Issue တစ်ရပ်ဖြစ် ပါကြောင်း၊ သို့ဖြစ်၍ Counter Insurgency ကိစ္စအတွက် ကိုလည်း ပူးပေါင်း ဆောင်ရွက် မည် ဖြစ်ပါကြောင်း၊ IT ကိစ္စများ တွင်လည်း သင်တန်းသားများ စေလွှတ်စေလို ကြောင်းနှင့် တပ်မတော် နှစ်ရပ် ချစ်ကြည်ရေး နှင့်ပူးပေါင်း ဆောင်ရွက်ရေး ကို ယခုထက် ပိုမိုတိုးမြှင့် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊လေ) ပူးတွဲ စစ်ဦးစီးချုပ် နှင့် လေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha, PVSM, AVSM,VM တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက အိန္ဒိယလေတပ် ဦးစီးချုပ်ရုံးရှိ Subroto Hall ၌ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး အမြင်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လုံခြုံရေး ဆိုင်ရာ သဘောထား အမြင်များအား ပြန်လည် ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)



#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger