www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 28, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဘန်ဂလိုမြို့ မှတစ်ဆင့် ဂိုအာမြို့သို့ ရောက်ရှိ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Hindustan Aeronautics Limited မှ ခင်းကျင်းပြသထားသော ယာဉ်များ ၊ စက်ပစ္စည်း များနှင့် Electronic ပစ္စည်းများကို လေ့လာကြည့်ရှုစဉ်

နေပြည်တော် ။ ၂၈-၇-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ စစ်ဦးစီးချုပ်နှင့် အိန္ဒိယလေတပ် ဦးစီးချုပ် Air Chief Marshal Arup Raha.PVSM,AVSM,VM ၏ ဖိတ်ကြားချက် အရ အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်ရန် အတွက် ဇူလိုင် ၂၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထွက်ခွာခဲ့ရာ ဒေသ စံတော်ချိန် ၁၁ နာရီ ၁ဝ မိနစ်တွင် အိန္ဒိယသမ္မတ နိုင်ငံ၊ ဘန်ဂလိုမြို့ လေဆိပ်သို့ ရောက်ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ တပ်မတော်(လေ) ဘန်ဂလို အခြေစိုက် လေတပ် လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူး Air Marshal Ramesh Rai နှင့်ဇနီး၊ လေယာဉ်စနစ်နှင့် စမ်းသပ် ပျံသန်းရေး ဌာနတပ်မှူး Vice Air Marshal Rajiv Hora နှင့်ဇနီး၊ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ခင်စိုး နှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး ဆန်းညွန့်ဦး နှင့်ဇနီး၊ တာဝန်ရှိသူ များက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Light Combat Aircraft Manufacturing (LCA လေယာဉ်ထုတ်လုပ်ရေး စက်ရုံများ အတွင်း ကြည့်ရှု လေ့လာစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ HAWK Final Assembly တွင် စုပေါင်းဓာတ်ပုံရိုက်စဉ်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် လေယာဉ်ကွင်း မှတစ်ဆင့် Hindustan Aeronautics Limited ဌာနချုပ်သို့ သွားရောက် လေ့လာသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် Light Combat Aircraft Manufacturing (LCA) သို့ ဒေသစံတော်ချိန် ၁၂ နာရီ ၂ဝ မိနစ်တွင် ရောက်ရှိရာHindustan Aeronautics Limited မှ Chairman and Chief of Managing Director Mr. T Subara Raju နှင့် တာဝန်ရှိ သူများက ကြိုဆို နှုတ်ဆက်ပြီး လေယာဉ် ထုတ်လုပ်ရေး စက်ရုံများ အတွင်း လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား Fleet Officer, Goa Gommanding Area Rear Admiral Ravneet Singh က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ Light Combat Helicopter Manufacturing (LCH) တွင် ကြည့်ရှု လေ့လာစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် Light Combat Helicopter Manufacturing (LCH) သို့ လည်းကောင်း၊ HAWK Final Assembly သို့လည်းကောင်း လေ့လာ ကြသည်။

ယင်းနောက် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Hindustan Aeronautics Limited မှ ခင်းကျင်း ပြသထားသော Bharat Earth Movers Limited ၊ Bharat Electronic Limited ၊ Larsen and Toubro Heavy Engineering တို့မှ ခင်းကျင်း ပြသထားသော ယာဉ်များ ၊ စက်ပစ္စည်းများနှင့် Electronic ပစ္စည်းများအား လေ့လာ ကြည့်ရှုရာ တာဝန်ရှိ သူများက ရှင်းလင်း ပြသသည်။ ထိုမှတစ်ဆင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် AKASH Conference Hall သို့ ရောက်ရှိရာ Hindustan Aeronautics Limited ၊ Bharat Electronic Limited ၊ Bharat Earth Movers Limited ၊ Larsen and Toubro Heavy Engineering ၊ TATA Advanced Systems Limited နှင့် Mahindra Defence Land Systems တို့မှ တာဝန်ရှိ သူများက Power Point များဖြင့် ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့က သိရှိ လိုသည်များကို မေးမြန်းသည်။

ယင်းနောက် အထိမ်းအမှတ် တံဆိပ်နှင့် လက်ဆောင် များအား အပြန်အလှန် လဲလှယ်ကြပြီး ပြန်လည် ထွက်ခွာရာ ဘန်ဂလို လေဆိပ်သို့ ဒေသ စံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည် ရောက်ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ဘန်ဂလို လေဆိပ်မှ ဆက်လက် ထွက်ခွာရာ အိန္ဒိယ တပ်မတော်(လေ) ဘန်ဂလို အခြေစိုက် လေတပ် လေ့ကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး နှင့်ဇနီး၊ လေယာဉ်စနစ် နှင့် စမ်းသပ် ပျံသန်းရေး ဌာနတပ်မှူး နှင့်ဇနီး တို့က လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက် ကြသည်။

ဘန်ဂလိုမြို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း Kamataka ပြည်နယ်၏ မြို့တော်ဖြစ်ပြီး လူဦးရေ ၈ ဒသမ ၄၂ သန်းရှိရာ တတိယ လူဦးရေ အထူထပ်ဆုံး မြို့ဖြစ်သည်။ Silicon Valley of India ဟု လူသိများသည်။ စက်မှု လုပ်ငန်းများ IT နည်းပညာ ကဏ္ဍတို့နှင့် ပတ်သက်၍ နာမည် ကျော်ကြားသော မြို့တစ်မြို့ ဖြစ်ကာ ကမ္ဘာပေါ်ရှိ စွန့်ဦး စီးပွားရေး လုပ်ငန်းရှင် တို့အတွက် အသင့်လျော် ဆုံးသော နေရာဒေသ တစ်ခုတွင် အပါအဝင် ဖြစ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတ နိုင်ငံ ဂိုအာမြို့သို့ ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိကြရာ Fleet Officer, Goa Commanding Area မှ Rear Admiral Ravneet Singh နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ခဲ့ကြပြီး မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာကြရာ ခေတ္တ တည်းခိုမည့် Park Hyatt ဟိုတယ်သို့ ရောက်ရှိ ရပ်နားကြ သည်။

ဂိုအာမြို့သည် အိန္ဒိယနိုင်ငံ အနောက်ဘက် ကမ်းခြေတွင် တည်ရှိ၍ လူဦးရေ တစ်သန်းခန့် နေထိုင်သည်။ သံရိုင်း၊ သီဟိုဠ်စေ့ နှင့် ဟင်းခတ် အမွှေးကြိုင်များ အဓိက ထွက်ရှိပြီး ဂိုအာမြို့ရှိ ကမ်းခြေများ၊ ဘုရားဝတ်ပြု ဆုတောင်းသည့် နေရာများသို့ နိုင်ငံတကာ နှင့် ပြည်တွင်း ခရီးသွား ဧည့်သည် အများအပြား လာရောက် လည်ပတ်လေ့ ရှိကြောင်း သိရှိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Goa Naval Area ရှိ Venue Officer Mess တွင် ကျင်းပ ပြုလုပ်မည့် Fleet Officer, Goa Commanding Area Rear Admiral Ravneet Singh တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာ စားပွဲသို့ တက် ရောက်ရန် ခေတ္တ တည်းခိုရာ ဟိုတယ်မှ ဒေသ စံတော်ချိန် ည ၈ နာရီတွင် မော်တော်ယာဉ် များဖြင့် ထွက်ခွာရာ Venue Officer Mess သို့ ဒေသ စံတော်ချိန် ည ၈ နာရီ ၂ဝ မိနစ်တွင် ရောက်ရှိပြီး Rear Admiral Ravneet Singh နှင့်ဇနီး၊ တာဝန်ရှိ သူများက ရင်းနှီး ခင်မင်စွာ ကြိုဆိုကြသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အား Hindustan Aeronautics Limited ၊ Bharat Electronic Limited ၊ Bharat Earth Movers Limited ၊ Larsen and Toubro Heavy Engineering ၊ TATA Advanced Systems Limited နှင့် Mahindra Defence Land Systems တို့မှ တာဝန်ရှိ သူများက Power Point များဖြင့် ရှင်းလင်း တင်ပြစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဂိုအာမြို့သို့ ရောက်ရှိစဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Rear Admiral Ravneet Singh တို့က နှုတ်ခွန်းဆက် ကျေးဇူးတင် စကားများ အပြန်အလှန် ပြောကြားပြီး အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ် ကြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီးနှင့် Rear Admiral Ravneet Singh ၏ ဇနီးတို့ကလည်း အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး ညစာကို အတူတကွ သုံးဆောင် ကြသည်။ 

ညစာ မသုံးဆောင်မီနှင့် ညစာ သုံးဆောင် နေစဉ် Goa Naval Area တီးဝိုင်းမှ တေးသီချင်း များဖြင့် တီးခတ်ဖျော်ဖြေ ဧည့်ခံသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးကာ ခေတ္တ တည်းခိုရာ ဟိုတယ်သို့ ပြန်လည် ထွက်ခွာ၍ ညအိပ်ရပ်နား ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆/၁၇)

#Themyawadydaily



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger