www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 15, 2015

မန္တလေးမြို့ပြ တည်ဆောက်မှုမှာ သဘာဝပတ်ဝန်းကျင် အခြေအနေအရ Green City ဖြစ်ရန် ရန်ကုန်မြို့ထက် များစွာ အလားအလာ ကောင်းနိုင်



မန္တလေး ၊ ၁၅-၆-၂၀၁၅

ယခုအခါ ရန်ကုန် နှင့် မန္တလေးမြို တို့ကို အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်မှု မြို့တော်များ အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မန္တလေးမြို့ပြ တည်ဆောက်မှုမှာ သဘာဝ ပတ်ဝန်းကျင် အခြေအနေ အရ Green City ဖြစ်ရန် ရန်ကုန်မြို့ထက် များစွာ လွယ်ကူနိုင်ကြောင်း အာရှတိုက် စိမ်းလန်း စိုပြေရေး ကိစ္စရပ်များ နှင့် ဖြေရှင်းချက် လုပ်ကိုင်သော Green Lotus မှ ပညာရှင်များ၏ လေ့လာချက်များ အရ သိရသည်။

မြို့ကြီးများတွင် ကျေးလက်မှ မြို့ပြသို့ ကူးပြောင်းရာ၌ အခက်အခဲများ ရှိကြောင်း၊ အစိမ်းရောင် မြို့ပြဖြစ်ရန် အတွက် မန္တလေးမြို့ သာမက အခြားမြို့ကြီး များသည်လည်း အခက်အခဲ ရှိကြောင်း၊ ရန်ကုန်မြို့သည်

မြစ်ဝကျွန်းပေါ် နှင့်အနီးဆုံး ဖြစ်ကြောင်း၊ ဒေသခံများ မှာလည်း မြစ်ဝကျွန်းပေါ် ဒေသမှ အများဆုံး ပြောင်းရွှေ့ လာကြ သူများ ဖြစ်ကြောင်း၊ ပင်လယ်နှင့် နီးကပ်သဖြင့် Vibration ပိုများကြောင်း၊ မန္တလေးမြို့သည် ဧရာဝတီမြစ် တစ်ခုတည်း ရှိသဖြင့် ရန်ကုန်မြို့ထက် Vibration ပိုနည်းကြောင်း စသည့် အချက်များကြောင့် မြို့ပြ တည်ဆောက်မှုတွင် Green City ဖြစ်ရန် ရန်ကုန်မြို့ထက် ပိုပြီး အလားအလာ ကောင်းမွန်ကြောင်း လေ့လာသူ တစ်ဦးက သုံးသပ် ပြောပြသည်။

'' အလားအလာ ကောင်းတယ်ဆိုတာ လွယ်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ရေရှည် တည်တံ့ပြီး ဖွံ့ဖြိုးဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ တစ်ချိန်တည်း မှာပဲ တခြား မြို့နယ်တွေကို စံပြ ဖြစ်နေရမယ် ဆိုတာကို အတူဖြေရှင်း ရပါမယ်။ ဆောင်ရွက်မှုက မြန်မြန်လုပ်လို့ ရပါတယ်။ ဒါပေမဲ့ စိန်ခေါ်မှုက ကြီးမားပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အချိန်မှာ ရေ အရင်းအမြစ် ဆောင်ရွက်တဲ့ ကိစ္စကစပြီး စက်ပစ္စည်းတွေ၊ စရိတ်တွေ လိုပါတယ်။ ပစ္စည်း ကိရိယာတွေ အသစ်လဲဖို့ လိုတယ်။ ပြုပြင်ဖို့ အတွက် ကုန်ကျစရိတ် တွေရှိပါတယ်။ ရေစီမံခန့်ခွဲမှု မှာ ရေ အရည်အသွေး လဲလိုပါတယ်။ ဒါတွေ အားလုံးဟာ ကျွန်တော်တို့ လေ့လာ ရသလောက် ရန်ကုန်မြို့ထက် အများကြီး အလားအလာ ကောင်းပါတယ် '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြို့ပြ တည်ဆောက်မှုတွင် Green City ကို ဖော်ဆောင်ရန် အတွက် အရေးကြီးမှုသည် တစ်ခုတည်း မဟုတ်ဘဲ အရာအားလုံး အရေးကြီးကြောင်း၊ ပတ်ဝန်းကျင်၏ ဂေဟစနစ် များနှင့် ဆက်စပ်လျက် ရှိပြီး ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်းများ အားလုံး ပါဝင်ကြောင်း၊ စိုက်ပျိုးရေး နှင့် ပတ်သက်လျှင် ဓာတုဆေးဝါး အလွန်အကျွံ သုံးစွဲမှုကြောင့် ပတ်ဝန်းကျင် ထိခိုက်နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် ပတ်သက်၍ Green ဖြစ်စေရန် အော်ဂဲနစ် Farming ကို သွားရန် လိုအပ်ကြောင်း သိရသည်။

လူနေထူထပ်မှု အပိုင်း သွားလာရေး အတွက် မော်တော်ယာဉ် အသုံးပြုမှု ၊ စွမ်းအင် အသုံးပြုမှု စသည့် အပိုင်းကဏ္ဍ များသည် သဘာဝ ပတ်ဝန်းကျင် အတွက် များစွာ အရေးကြီး သကဲ့သို့ မြို့ပြဖွံ့ဖြိုးမှု အတွက်လည်း လွန်စွာ အရေးပါကြောင်း၊ မန္တလေးမြို့သည် လက်ရှိ အနေအထား အရ ရန်ကုန်မြို့နှင့် နှိုင်းယှဉ်ပါက အစစ အရာရာတွင် အားသာချက်များ ရှိနေရာ ထိုအချက် များသည် Green City အတွက် အလားအလာ ကောင်းများ ဖြစ်ကြောင်း ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger