www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 26, 2015

လှေစီးဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်အရ ယာယီလက်ခံ ထားခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ အမြန်ဆုံး ပြန်လည်ပို့ဆောင် သွားမည်


မောင်တော ၊ ၂၆-၅-၂၀၁၅

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာတွင် ရောက်ရှိနေသော ပြည်ထောင်စု အစိုးရအဖွဲ့ နှင့် ရခိုင်ပြည်နယ် အစိုးရတို့မှ တာဝန်ရှိ သူများသည် ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်း များနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် အတူ ၄င်းတွင် ယာယီစခန်း ဖွင့်လှစ်၍ ခေတ္တ စောင့်ရှောက် ထားသည့် လှေစီး ဒုက္ခသည် ၂ဝ၈ ဦးကို စိစစ်မှုများ ပြုလုပ်ခဲ့ရာ ၄င်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဘဇား၊ စစ်တကောင်း နှင့် ဒါကာ မြောက်ခြမ်း တွင် နေထိုင်ကြသော ဘင်္ဂလားဒေ့ရှ် လူမျိုးများ ဖြစ်ကြောင်း ကနဦး စိစစ် သိရှိရသည်။

အဆိုပါ လှေစီးဒုက္ခသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များသည် အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေရန် အတွက် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့သို့ သွားရောက်ရန် ရည်ရွယ်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် သွားရောက်ရန်သာ ဆန္ဒရှိ နေကြောင်း စိစစ်ချက် များအရ သိရသည်။

ထို လှေစီး ဒုက္ခသည်များကို ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှုများ ပြုလုပ်နိုင်ရန် မေ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မေတ္တာ ရပ်ခံချက် အပေါ် ၄င်းရက်၌ပင် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ခွင့်ပြုခဲ့ပြီး ဖြစ်၍ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး မှ တာဝန်ရှိသူ များသည် ယမန်နေ့တွင် အဆိုပါ လှေစီး ဒုက္ခသည်များ ရှိရာ ယာယီ ကယ်ဆယ်ရေး စခန်းသို့ သွားရောက်ကာ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် တွဲဖက်ပြီး ကောင်စစ် တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း သည် မေ ၂၄ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး လှေစီး ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ခေါ်ယူနိုင်ရန် ပြောကြားခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများကလည်း အဆိုပါ လှေစီးဒုက္ခသည် ၂ဝဝ ဦးခန့်အား သွားရောက်ပြီး ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်နိုင်ရန် ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ချုပ် ရုံးမှ အရာရှိ ခြောက်ဦး ပါဝင်သော ပူးပေါင်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန မှလည်း ခွင့်ပြုချက် ရပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် အတိုင်း ကယ်ဆယ် ထားသူများကို တွေ့ဆုံ မေးမြန်း၍ စိစစ်မှုများ ပြုလုပ်ပြီးနောက် ပြန်လည် ခေါ်ယူရေး လုပ်ငန်းများကို အမြန် ဆောင်ရွက်မည် ဖြစ် ပါကြောင်း၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ ကိုလည်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လှေစီး ဒုက္ခသည် များကို လူသားချင်း စာနာ ထောက်ထားမှု ရှုထောင့်အရ ယာယီလက်ခံ ထားခြင်းသာ ဖြစ်ပြီး ၄င်းတို့၏ ပင်ရင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger