www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 12, 2015

ပြည်ပနိုင်ငံထုတ် အလှကုန်ပစ္စည်းများတွင် သက်တမ်းလွန်နှင့် သုံးစွဲရန် မသင့်သည့် ကုန်ပစ္စည်းများကို သတိထား ၀ယ်ယူသင့်



ရန်ကုန် ၊ ၁၂-၃-၂၀၁၅

အလှကုန် ပစ္စည်းများ ဖြန့်ချိနေသော ကုမ္ပဏီ လက်ခွဲများသည် အလှကုန် ပစ္စည်းများကို နယ်မြို့များသို့ ဖြန့်ချိရာတွင် ပြည်ပ နိုင်ငံထုတ် ပစ္စည်းများ၌ ထုတ်လုပ်မှု သက်တမ်းလွန် ပစ္စည်းများ ပါဝင်နေပြီး လက်လီ လက်ကား ဝယ်ယူ ရောင်းချသူများ အနေဖြင့် ကုန်ပစ္စည်းတိုင်း၏ ထုတ်လုပ်သည့် နေ့စွဲနှင့် သက်တမ်း ကုန်ဆုံးမည့် နေ့စွဲကို သတိထား ဝယ်ယူသင့်ကြောင်း မကွေးတိုင်း ဒေသကြီး၌ အလှကုန် ပစ္စည်း ဝယ်ယူရောင်းချသူ များက ပြောသည်။

''ကျွန်မကတော့ ရောင်းချမယ့် အလှကုန် တွေကို နယ်မြို့ ကုမ္ပဏီလက်ခွဲ တွေဆီက ဝယ်ပါတယ်။ လာပို့တဲ့ အချိန်မှာ ဈေးဝယ်သူ ကျနေရင် မစစ်နိုင်ပေမယ့် ဈေးဝယ်သူ မရှိတဲ့အခါ စစ်ဆေးပြီးမှ ဆိုင်မှာ တင်ရောင်း တာပါ။ ပစ္စည်းတိုင်းကို ဒီအတိုင်း တင်မရောင်း ပါဘူး။ ကျွန်မ စစ်ဆေးလို့ သက်တမ်းလွန် ပစ္စည်းတွေ တွေ့တာ သုံးကြိမ်လောက် ရှိပါပြီ'' ဟု လက်လီ အလှကုန် ဆိုင်ရှင် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ယခင်ကာလများ ကပင် အိမ်နီးချင်းနိုင်ငံ များနှင့် နိုင်ငံတကာမှ လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများကို တရားမဝင် တင်သွင်းမှုများ ရှိခဲ့သည်။ ပြည်တွင်း၌ အလှကုန် သုံးစွဲသူ များပြား၍ ဈေးကွက် ကြီးမားမှု ရှိသော်လည်း တန်ဖိုးကြီး ပစ္စည်းအစစ် များကို သုံးစွဲသူ နည်းပါးပြီး တန်ဖိုးနည်း ပစ္စည်းများ ကိုသာ သုံးစွဲမှုများ သောကြောင့် ရောင်းချသူများ အနေဖြင့် ပစ္စည်းသက်တမ်း သတ်မှတ်ထားခြင်း မရှိသော အလှကုန် ပစ္စည်းများကို တန်ဖိုး နည်းနည်းဖြင့် ဝယ်ယူတင်သွင်း နေသည်ဟု ထိုင်း နိုင်ငံမှ အလှကုန် နှင့် လူသုံးကုန် ပစ္စည်းများ တင်သွင်း ရောင်းချသူ တစ်ဦးက ပြောသည်။

ကုန်ပစ္စည်း တင်သွင်း ရောင်းချမှု များတွင် အခြေခံ  လူတန်းစားများ အနေဖြင့် ဈေးနှုန်း ချိုသာသော ပစ္စည်းများကိုသာ ဝယ်ယူမှုများ သောကြောင့် တင်သွင်း ရောင်းချသူ များက ကုန်ပစ္စည်း အရည်အသွေးထက် ဈေးနှုန်း သက်သာသော စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများကို အဓိက ရွေးချယ်တင်သွင်း နေသောကြောင့် အရည်အသွေး နိမ့်ကျနေ သဖြင့် အသုံးပြုရန် မသင့်ကြောင်း ဂျပန်နိုင်ငံထုတ် စက်ဆီချောဆီများ တင်သွင်း ရောင်းချသူ တစ်ဦးက ပြောသည်။ (၄၄၉)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger