www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 18, 2015

ငါးပိ ငါးခြောက် နှင့် စားသုံးဆီများတွင် ပိုးသတ်ဆေး ပါဝင်မှုရှိ-မရှိ ဧပြီလမှ စတင် စစ်ဆေးမည်



ရန်ကုန် ၊ ၁၈-၃-၂၀၁၅

ငါးပိ ငါးခြောက်နှင့် စားသုံးဆီ များတွင် ပိုးသတ်ဆေးများ ပါဝင်မှု ရှိ၊ မရှိကိုဧပြီလမှ စတင်၍ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် စစ်ဆေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂမှ ဥက္ကဋ္ဌ ဦးရန်လင်း က ပြောသည်။

ထိုသို့ စစ်ဆေးရာတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်း စစ်ဆေးမည် ဖြစ်ပြီး စစ်ဆေးရာတွင် ပါဝင်မည့် အဖွဲ့အစည်း များမှာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (FDA) နှင့် မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂမှ ကွင်းဆင်း ဆောင်ရွက် စစ်ဆေးသွားမည် ဖြစ်သည်။

''ငါးခြောက်၊ စားသုံးဆီ တွေမှာ ဘာတွေ ပါဝင်သလဲ။ ဘာတွေ ရောထားသလဲ။ အဲဒါတွေကို စစ်ဆေးမှာပါ။ ပြီးရင် ပြည်သူလူထုကို ထုတ်ပြန်မှာပါ။ ဈေးကွက်မှာ ရှိတဲ့ ဈေးတွေကို တစ်နိုင်ငံလုံး အနေနဲ့ ကျွန်တော်တို့
စုဖို့ရှိပါတယ်။ နောက်တစ်ခါ ငါးခြောက် ထုတ်တဲ့နေရာ တွေပေါ့။ ဆီစက် တွေမှာလည်း အသန့်ထုတ် ပေမယ့် ဈေးကွက် ရောက်တဲ့အခါ ရောချင်ရော နေမှာဆိုတော့ ဆီစက်ကဆီ သို့မဟုတ် ဈေးကွက်ထဲက ဆီကို စစ်ဆေး တဲ့ကိစ္စကို အစိုးရဌာနက ထောက်ပံ့တယ်။ ပိုးသတ်ဆေး တွေကို စစ်ဆေးတဲ့ အခါမှာ စိုက်ပျိုးရေး ဌာနက ထောက်ပံ့တယ် .. '' ဟု ၄င်းက ဆက်လက် ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး တို့တွင် စတင် စစ်ဆေးရန် ဆောင်ရွက်မည် ဆိုသော်လည်း နောက်ပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂမှ သိရသည်။

ဈေးကွက်သို့ မပို့မီ ဓာတုဆိုးဆေးများ အသုံးပြုထားသည့် အစားအသောက် များကို စားသုံးခြင်း မပြုရန်၊ ကုန်ပစ္စည်း များတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် ကုန်ဆုံးသည့် ရက်မပါခြင်း၊ ရက်လွန် စားသောက်ကုန် ပစ္စည်းများကို ရှောင်ရှားခြင်း၊ စားသောက်ကုန် ပစ္စည်းများတွက် FDA ထောက်ခံချက် မပါဝင်သည့် အစားအသောက် များကို ရှောင်ရှားရန်နှင့် မိမိ နားမလည်သော မဖတ်တတ်သော စာသားများဖြင့် ရေးသားထုပ်ပိုး ထားသည့် စားသောက်ကုန် များကို ဝယ်ယူ စားသုံးခြင်း မပြုရန် မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂမှ သတိပေးချက် ထုတ်ပြန် ထားသည်။

ဂူဂူး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger