www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 25, 2015

ကျိုက်ထီးရိုးစေတီ အနီးရှိ မိုးဘောရေတံခွန် ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်


ကျိုက်ထီးရိုးစေတီ အနီးရှိ မိုးဘောရေတံခွန်

ကျိုက်ထို ၊ ၂၅-၂-၂၀၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီးရိုး စေတီအနီးရှိ မိုးဘော ရေတံခွန်ကို အဆင့်မြှင့်တင် မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

''အရင်က ရေတံခွန်ထဲကိုဆင်း တဲ့နေရာမှာ သွားလာရတာ အခက်အခဲတွေ ရှိတယ်။ အခု အဆင်း နေရာတွေကို စတီးလှေကား တွေနဲ့ ခိုင်ခိုင်ခံ့ခံ့ လုပ်လိုက်တော့ သွားလာရတာ အဆင်ပြေ သွားတယ်။ နောက်ပြီး ရေတံခွန်အောက်မှာ ရေဆင်းကူး သူတွေ အဆင်ပြေအောင် ရေကန် အကန့်လေး တွေကို အသေအချာ လုပ်နေပါတယ်'' ဟု ရေတံခွန်သို့ သွားရောက်ခဲ့သူ တစ်ဦးက ပြောပြ၍ သိရသည်။

လက်ရှိတွင် ရေတံခွန်သို့ လာရောက်သော တောင်တက် မော်တော်ယာဉ်များ ရပ်နားရာ နေရာအနီး တွင်လည်း လုံးချင်း ဘန်ဂလိုများ၊ ထမင်းဆိုင်များ၊ မွန်၊ ကရင် ရိုးရာအိမ်များ၊ ကျိုက်ထီးရိုး ဘုရားကို ဖူးမြော်နိုင်မည့် မှန်လုံခန်းများ၊ စားသောက်ဆိုင်များ၊ ဓာတ်ပုံဆိုင်များ၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ ရေကူးကန်များ ထည့်သွင်းတည် ဆောက်ရန် မြေနေရာ ညှိခြင်းများ ဆောင်ရွက်နေပြီ ဖြစ်သည်။

ယခုအခါ ကျိုက်ထီးရိုး မိုးဘောရေတံခွန် ချောင်းမကြီး အပါအဝင် ချောင်းလက်တက် အားလုံးရှိ ငါး၊ ပုစွန်စသည့် ရေသတ္တဝါ အားလုံးကို ကျင်စက်၊ ပိုးသတ်ဆေး တို့ဖြင့် ဖမ်းဆီးရှာဖွေ စားသောက်ခြင်း မပြုရန် တားမြစ်ချက် ထုတ်ပြန်ထားကြောင်း၊ လက်ရှိတွင် မိုးဘောရေတံခွန် သို့ တောင်တက် မော်တော်ယာဉ် များက လူတစ်ဦးလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် နေ့စဉ် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။ (၃၃၇)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger