www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 27, 2015

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၂၇-၁-၂၀၁၅

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို ၂ဝ၁၈ ခုနှစ်တွင် စတင် အကောင် အထည်ဖော်မည် ဖြစ်ပြီး ရေတိုရေရှည် စီမံကိန်းများ အဖြစ် လုပ်ငန်းပေါင်း ၆၉ ခုကို အဆင့်လိုက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သိရသည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ ၂ဝ၃၅ ခုနှစ်အထိ အဆင့်လိုက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်း ရေးဆွဲမှု မှာလည်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ်တွင် စီမံကိန်း ၂၉ ခု၊ နှစ်လတ် စီမံကိန်းအဖြစ်၂ဝ၂၅ ခုနှစ်တွင် စီမံကိန်း ၂၃ ခုနှင့် နှစ်ရှည် စီမံကိန်း အဖြစ် ၂ဝ၃၅ ခုနှစ်တွင် စီမံကိန်း ၁၇ ခု စုစုပေါင်း ၆၉ ခုကို နှစ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း JICA က ထုတ်ပြန် ထားသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို ၂ဝ၁၂ ခုနှစ် သြဂုတ်လမှ စတင်၍ JICA မှ ပညာရှင် များနှင့် မြန်မာ ပညာရှင်များ အဖွဲ့က နှစ်နှစ်ကြာ ပူးပေါင်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး JICA ၏ အဆိုပြုချက် များအရ ယင်းမြို့ပြ စီမံကိန်း တွင် ပါဝင် အကောင် အထည်ဖော် ပါက လုပ်ငန်း အများစုကို ကြီးကြပ်မည့် Yangon Urban Transport Authority အဖွဲ့ကိုလည်း ဥပဒေနှင့်အညီ အမြန်ဆုံး ဖွဲ့ စည်းပေးရန် လိုအပ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း၏ ဆောင်ရွက်မည့် စီမံကိန်းများတွင် မြို့နေ ပြည်သူများ နေ့စဉ်ကြုံတွေ့ နေရသည့် အခက်အခဲ များကိုလည်း ဦးစားပေး ဆောင်ရွက်မည် ဖြစ်ပြီး ရေ၊ လျှပ်စစ်၊ အမှိုက်၊ မိလ္လာ စနစ် များကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သယ်ယူ ပို့ဆောင်ရေး စနစ် အတွက် BRT ၊ LRT ၊ MRT စသည့် စနစ်များ ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger