www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 30, 2015

၂၀၁၆ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး အသုံးပြုနိုင်သည့် ရထား ၁၁ စင်းဝယ်ယူမည်


ဂျပန်ဓာတ်ရထားတစ်စင်း ပြေးဆွဲနေပုံ

ရန်ကုန် ၊ ၃၀-၁-၂၀၁၅

၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည့် လျှပ်စစ်ရထား ပြေးဆွဲရေး စီမံကိန်း တွင် အသုံးပြုရန် ဂျပန်နိုင်ငံမှ ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး အသုံးပြု နိုင်သည့်ရထား ၁၁ စင်း ဝယ်ယူသွားမည် ဖြစ်ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထား မှ သိရသည်။ 

အဆိုပါ ရထားများကို ယခုနှစ် အတွင်း၌ ရန်ကုန်မြို့ပတ် ရထား လမ်းကြောင်း တစ်လျှောက် လက်ရှိ ပြေးဆွဲနေသည့် Air Conditional RBE ရထားတွဲဆိုင်း နေရာများတွင် ထည့်သွင်း ပြေးဆွဲသွားရန် ရှိကြောင်း သိရသည်။

ဒီဇယ်အင်ဂျင် နှင့် လျှပ်စစ်စွမ်းအင် နှစ်မျိုးလုံး နှင့် အသုံးပြုနိုင်မည့် ရထား တွဲဆိုင်းများ ဝယ်ယူရန်နှင့် မြို့ပတ်ရထား မြန်နှုန်းမြင့် အဆင့် မြှင့်တင်သည့် လုပ်ငန်း ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ခန့်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းနှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ပုဇွန်တောင် ဘူတာမှ ထော်လီကွေ့ ကမ်းနားလမ်း တစ်လျှောက် RBE လူစီးရထား တွဲဆိုင်း ပြေးဆွဲမှု အောင်မြင်မည် ဆိုပါက အနာဂတ် ကာလတွင် ဓာတ်ရထား ( Tram Rail ) ပြေးဆွဲနိုင်သည် အထိ တိုးချဲ့သွားရန် လျာထားပြီး Tram ပြေးဆွဲရန် ခန့်မှန်း ကုန်ကျစရိတ်သည် Sub- Station တစ်ခု တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်း၊ ဓာတ်တိုင်များ နှင့် ဓာတ်အားပေး စနစ် ထူထောင်ရန် အမေရိကန် ဒေါ်လာ သုည ဒသမ ၉၂၄ သန်း၊ Tram စက်ခေါင်း လေးခေါင်းစာ အတွက် အမေရိ ကန်ဒေါ်လာ ၄ သန်းခန့် စုစုပေါင်း ခန့်မှန်း ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၆ ဒသမ ၁၂၄ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။

လက်ရှိ မြို့ပတ်ရထား ပြေးဆွဲနေသည့် လမ်းကြောင်း တစ်လျှောက် လျှပ်စစ်ရထား ပြေးဆွဲနိုင်ရန်၊ မြို့ပတ်ရထား အဆင့် မြှင့်တင်မှု လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ သန်း ၇ဝဝ ခန့် ကုန်ကျမည် ဖြစ်သည့် အတွက် ဂျပန်နိုင်ငံ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ( JICA )မှ သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၇ဝဝ အပြင် နည်းပညာပိုင်း ကိုပါ ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger