www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 29, 2014

၂၀၁၁ ခုနှစ်မှစတင်ကာ လူကုန်ကူးမှု အမှုပေါင်း ၃၉၀ တွင် လူကုန်ကူးခံရသူ ၁၀၆၉ ဦးရှိခဲ့


ရန်ကုန် ၊ ၂၉-၆-၂၀၁၄

မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ်မှ စတင်ကာ လူကုန်ကူးမှု အမှုပေါင်း ၃၉ဝ တွင် လူကုန်ကူး ခံရသူ ၁ဝ၆၉ ဦးရှိပြီး ၈၆၉ ဦး ကယ်တင် နိုင်ခဲ့ကာ လုံးဝ မကယ်တင် နိုင်သူမှာ ဦးရေ ၂ဝဝ ရှိကြောင်း သိရသည်။

ပြည်ပ နိုင်ငံများတွင် အဓမ္မ ထိမ်းမြား လက်ထပ်ခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ခြင်း နှင့် ရောင်းချ ခံရခြင်း စသည့်နည်း အမျိုးမျိုးဖြင့် လူကုန်ကူး ခံရသူများ ကို နိုင်ငံတကာ ရဲတပ်ဖွဲ့များ နှင့်  ပူးပေါင်းကာ ပြန်လည် ကယ်တင်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လူကုန်ကူး များသည် ပွဲစားများမှ ဖြားယောင်း သွေးဆောင် မှုများကြောင့် ပြည်ပနိုင်ငံ များထံ ရောင်းချ ခံရခြင်း ဖြစ်ပြီး အများစုမှာ ကျေးလက် ဒေသများတွင် နေထိုင်သူများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့(ဗဟို)မှ သိရသည်။

ပြန်လည် မကယ်တင် နိုင်သော သူများတွင် အများစုမှာ အမျိုးသမီးများ ဖြစ်ပြီး အနည်းစုသည် အမျိုးသားများ ဖြစ်ကြောင်း၊ အဆိုပါ သူများ မှာ အဆင့်ဆင့် ရောင်းချခံ ရသူများလည်း ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုတွင် ရန်ကုန်၊ မန္တလေး၊ ကချင်၊ ပဲခူး စသည့်နေရာ တို့တွင် အများဆုံး ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး တို့တွင်လည်း အနည်းငယ်စီ ဖြစ်ပွား ခဲ့ကြောင်း  လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့(ဗဟို)မှ သိရသည်။

၂ဝ၁၁ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူကုန်ကူးမှု (၁၃၆) မှု ဖြစ်ပွားခဲ့ပြီး ၂ဝ၁၂ခုနှစ် တွင် ၁၂ဝမှု၊ ၂ဝ၁၃ ခုနှစ်တွင် ၁ဝ၂ မှု နှင့်၂ဝ၁၄ ခုနှစ် မေလကုန်ထိ လူကုန်ကူးမှု ၃၂ မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger