www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 16, 2014

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ပုဂံ-ညောင်ဦး ဒေသသို့ ထွက်ခွာ


ပုဂံ - ညောင်ဦး ဒေသရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့မှ ရွှေ့ပြောင်း ခွဲစိတ်ကုသယာဉ် နှင့် ရွှေ့ပြောင်း ဓာတ်မှန်ရိုက်ကူးယာဉ် တို့အား တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၅-၂၀၁၄

နေပြည်တော် ရှိ တပ်မတော် ဆေးရုံများမှ ပါရဂူများ ဦးဆောင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ပုဂံ - ညောင်ဦး ဒေသရှိ သွားလာရေး ခက်ခဲသော ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် နေပြည်တော် မှ ယမန်နေ့ နံနက် ၆ နာရီခွဲတွင် မော်တော်ယာဉ် များဖြင့် ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ခွဲစိတ်ကုသ ပါရဂူ ဗိုလ်မှူးကြီး မျိုးသန့် ဦးစီး၍ ခွဲစိတ်ကုသ ပါရဂူများ ၊ မျက်စိ ပါရဂူများ ၊ ကလေး ပါရဂူများ ၊ အရိုး ပါရဂူများ ၊ သားဖွား မီးယပ် ပါရဂူများ ၊ နား နှာခေါင်း လည်ချောင်း ပါရဂူများ ၊ ရေဂါဗေဒ ပါရဂူများ ၊ ဓာတ်မှန် ပါရဂူများ ၊ သွားဆေးမှူးများ ၊ သူနာပြု အရာရှိများ ၊ အထက်တန်း သူနာပြုများ နှင့် သူနာပြု စစ်သည်များ စုစုပေါင်း အင်အား ၅၂ ဦး လိုက်ပါ သွားကြပြီး ရွှေ့ပြောင်း ခွဲစိတ် ကုသယာဉ် ၊ ရွှေ့ပြောင်း ဓာတ်မှန် ရိုက်ကူးရေးယာဉ် ၊ အောက်ဆီဂျင် ထုတ်လုပ်သည့် စက်များ ၊ ဆေးဝါးမျိုးစုံ နှင့် အထောက် အကူပြုယာဉ် များ အပါအ၀င် စုစုပေါင်း မော်တော်ယာဉ် ၁၀ စီး ပါဝင်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger