www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 28, 2014

ခရီးသွား နိုင်ငံခြားသူ၏ ဒေါ်လာ ၄၀၀ တန် ပျောက်ဆုံး ကင်မရာကို တာဝန်သိ ပြည်သူတစ်ဦးက ပြန်လည်ပေးအပ်



မန္တလေး ၊ ၂၈-၄-၂၀၁၄

မန္တလေးမြို့ ၊ အတုမရှိ ရွှေကျောင်းတော်ကြီး ၊ ရှေးဟောင်း သုတေသန ဦးစီးဌာနရုံး ၌ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သီဟ ၊ မန္တလေးမြို့ ၊ နိုင်ငံခြား ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး ဦးမောင်မောင်အေး ၊ ကုသိုလ်တော် ရဲကင်းမှ ရဲကင်းမှူး တို့သည် အမေရိကန် ဒေါ်လာ ၄၀၀ တန်ဖိုးရှိ Panasonic Dmc, LUMIXGF-1 ခဲရောင် ကင်မရာ တစ်လုံးကို ပိုင်ရှင်ဖြစ်သူ Ms. Leung Wai Han Emily ဆိုသူ တရုတ်နိုင်ငံသူ ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၆ ရက် ညနေ ၃ နာရီခွဲက အောင်မြေသာစံ မြို့နယ် ၊ ရွှေကျောင်းရှေ့ လမ်းပေါ်ရှိ မုန့်မျိုးစုံဆိုင် ရေခဲပုန်းပေါ် တွင် ပိုင်ရှင်မဲ့ ခဲရောင် ကင်မရာ တစ်လုံးကို တွေ့ရှိသဖြင့် ရှေးဟောင်း ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သီဟ က ယာယီ ထိန်းသိမ်း ထားခဲ့ကြောင်း ၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့မ ရဲစခန်း သို့ နိုင်ငံခြားသူ တစ်ဦး ကင်မရာ ပျောက်ဆုံး၍ လာရောက် သတင်းပို့ ထားကြောင်း သိရသဖြင့် မြို့မ ရဲစခန်း ၊ နိုင်ငံခြားသား ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ တို့သည် အဆိုပါ နိုင်ငံခြားသူ တည်းခိုလျက် ရှိသည့် မန္တလေး လမ်း ၈၀ ၊ ၃၂x၃၃ လမ်းကြား ရှိ Palace Hotel အခန်းအမှတ် 801232 (FIT) ကို ဆက်သွယ်၍ အဆိုပါ ပျောက်ဆုံးနေသော ကင်မရာ ကို ပြန်လည် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ (၁၅၆)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger