www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 12, 2014

အမျိုးသားရေး ဦးတည်ချက်များကို အလေးအနက်ခံယူ၍ ပြည်ထောင်စုကြီးကို ကာကွယ်


အမျိုးသားရေး ဦးတည်ချက်များကို အလေးအနက်ခံယူ၍ ပြည်ထောင်စုကြီးကို ကာကွယ်

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ယနေ့) သည် (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သည်။ မြန်မာနိုင်ငံ အတွင်း လူမျိုးစု များသည် ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးတမ်း များ ကွဲပြား ခြားနား သော်လည်း သနား ကြင်နာခြင်း၊ ရိုးသား ဖြောင့်မတ်ခြင်း၊ ကူညီ ရိုင်းပင်းလိုစိတ် ရှိခြင်းနှင့် ခွင့်လွှတ် သည်းခံစိတ် ရှိခြင်း တို့သည် တူညီသော သဘော သဘာဝများ ရှိ၍ ချစ်ကြည် ရင်းနှီးစွာ အတူ လက်တွဲ နေထိုင်ခဲ့ကြ သည်မှာ သမိုင်းစဉ် တစ်လျှောက် ဖြစ်သည်။ 

ဤသို့ မြန်မာနိုင်ငံ အတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား မျိုးနွယ်ပေါင်း တစ်ရာကျော် စုပေါင်း လက်တွဲ နေထိုင် လာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီတိုင် ခဲ့ပြီ ဖြစ်သည်။

ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်းသည် ကိုယ့်နိုင်ငံ အတွင်း မည်သည့် နေရာမဆို အခြေချ နေထိုင်ခွင့် ရှိသည်နှင့် အညီ နေရာတိုင်း၊ ဒေသတိုင်း တွင် တိုင်းရင်းသားများ စုပေါင်း နေထိုင်လျက် ရှိသည်မှာ နေရာဒေသ ခွဲခြား၍ မရအောင် တစ်သားတည်း ဖြစ်နေပြီ ဖြစ်သည်။

ပြည်ထောင်စုနေ့ သည် ကိုလိုနီ နယ်ချဲ့ တို့၏ စိုးမိုးမှု အောက်မှ ဆန့်ကျင် ရုန်းထွက်ကာ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး အဖြစ်သို့ ပြန်လည် မွေးဖွား ပေးသည့် မင်္ဂလာ နေ့ထူး နေ့မြတ် ဖြစ်ပေသည်။

ဤ မင်္ဂလာ နေ့ထူး နေ့မြတ် မှသည် နောင် နှစ်ပေါင်းများစွာ ပြည်ထောင်စုကြီး ဖြိုခွဲမည့် အကြံဟူ သမျှကို ဝိုင်းဝန်း ဖယ်ရှားပြီး ပြည်ထောင်စုကြီး အဓွန့်ရှည်ရန်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ခိုင်မြဲ သည်ထက် ခိုင်မြဲရန်၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်ကြီး အရှည် တည်တံ့ စေရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက
ထိန်းသိမ်း ကြိုးပမ်း ကြရမည် ဖြစ်ပေသည်။

ထိုသို့ ကြိုးပမ်း ကြရာတွင် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ ဖြစ်သည့်

  • (၁) ပြည်ထောင်စုကြီး အတွင်း တိုင်းရင်းသား အားလုံး ဥမကွဲ သိုက်မပျက် အတူတကွ ပူးပေါင်း နေထိုင်ရေး။ 
  • (၂) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ
  • အာဏာ တည်တံ့ ခိုင်မြဲရေး တည်းဟူသော ဒို့တာဝန် အရေး သုံးပါးကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး။ 
  • (၃) ရရှိထားပြီး ဖြစ်သည့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ရေး။ 
  • (၄) တိုင်းပြည် တည်ငြိမ် အေးချမ်းရေး နှင့် တရားဥပဒေ စိုးမိုးရေး ကို နိုင်ငံသား အားလုံး အသိ စိတ်ဓာတ်ဖြင့် ပါဝင် ဆောင်ရွက်ရေး။ 
  • (၅) ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီးကို ပြည်သူ အားလုံး လက်တွဲ ပူးပေါင်း တည်ဆောက်ရေး


တို့နှင့်အညီ ပြည်ထောင်စု ဖွား တိုင်းရင်းသား အားလုံးက တက်ညီ လက်ညီ ထိန်းသိမ်း ဆောင်ရွက် ကြပြီး အမျိုးသားရေး ဦးတည်ချက် များကို အလေးအနက် ခံယူ၍ ဒို့တာဝန် အရေးသုံးပါး ကိုဦးထိပ် ပန်ဆင်ကာ လက်တွေ့ နယ်ပယ်တွင် ပြည်ထောင်စု စိတ်ဓာတ် အရင်းခံ၍ ပြည်သူ တစ်ရပ်လုံးက ပြည်ထောင်စုကြီး ကို ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( ၁၂-၂-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger