www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 30, 2014

ရွှေချိန်တွယ်မှု စနစ်ကို ကမ္ဘာသုံး ယူနစ်ပြောင်းလဲရန် တိုက်တွန်း



ရန်ကုန် ၊ ၃၀-၁-၂၀၁၄

မြန်မာနိုင်ငံ အတွင်း ရောင်းဝယ် ဖောက်ကားလျက် ရှိသော ရွှေများကို ချိန်တွယ်ရာတွင် ကျပ် ၊ ပဲ ၊ ရွေး ယူနစ်များဖြင့် အသုံးပြုခြင်း အစား ကမ္ဘာသုံး ယူနစ် ဖြစ်သော ဂရမ် သို့ ပြောင်းလဲရန် နှိုးဆော် တိုက်တွန်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့် ၏ ပြောကြားချက် အရ သိရသည်။

'' ကျပ်၊ ပဲ၊ ရွေး စနစ်ကို သုံးနေတာ ကျွန်တော်တို့ နိုင်ငံ တစ်နိုင်ငံပဲ ရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဒီစနစ်ကို ဖျက်သိမ်းပြီး ကမ္ဘာသုံး ဂရမ်ယူနစ်ကို ပြောင်းလဲဖို့ အတွက် အချိန်တန် နေပါပြီ။ ဘာလို့လဲ ဆိုတော့ လာမယ့် ၂ဝ၁၅ မှာ အာဆီယံ ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ခွင့်နဲ့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု တွေ တစ်ဟုန်ထိုး ဝင်ရောက် လာမယ့်အခါမှာ ဒီကမ္ဘာသုံး ဂရမ်ကိုပဲ အသုံးချရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လုပ်ငန်းရှင် အသင်းဝင် အစည်းအဝေးပွဲ တွေမှာရော ၊ စီးပွားရေး ဟောပြောပွဲ တွေနဲ့ တခြား နေရာတွေမှာ အလျဉ်းသင့် သလို ကမ္ဘာသုံး ဂရမ်စနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ တိုက်တွန်း နေပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ရွှေအရည်အသွေး များကိုလည်း နိုင်ငံတကာမှ လက်ခံနိုင်မည့် စံနှုန်းကို ရရှိအောင် ရွှေလုပ်ငန်းရှင် များက ကြိုးပမ်း ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ၊ သို့မှသာ ကမ္ဘာနှင့် ယှဉ်၍ ရောင်းဝယ်မှု ပြုရန် လွယ်ကူနိုင်မှာ ဖြစ်ပြီး ယင်း ကမ္ဘာသုံး ယူနစ် ဂရမ် အချိန်အတွယ်ကို မကြာမီ ဖြစ်မြောက်အောင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger