www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 23, 2013

Top Up ငွေဖြည့်စနစ်အပြင် နိုင်ငံတကာ တွင် သုံးစွဲနေသည့်အတိုင်း ပိုမိုအဆင်ပြေသည့် စနစ်များကို တိုးချဲ့ရန် စီစဉ်လျက်ရှိ


ရန်ကုန် ၊ ၂၃-၁၂-၂၀၁၃

ယခု သုံးစွဲနေသည့် ငွေဖြည့်စနစ် အပြင် နိုင်ငံတကာ ကဲ့သို့ မိမိလိုသလောက် ငွေတန်ဖိုး အတိုင်း စတိုးဆိုင် များမှ ကွန်ပျူတာဖြင့် ဖြည့်သွင်းသည့် စနစ် ဖြစ်သော Prepaid Top Up စနစ်ကို တိုးချဲ့ သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီးဌာန မှ သိရသည်။

ထို့အပြင် ဆောင်ရွက်ခွင့် ပေးမည့် Mobile Non Service ပေါ်ပေါက် လာပါက မိမိ ငွေဖြည့်လိုသည့် တန်ဖိုးကို ၂၄ နာရီ ဖြည့်သွင်း နိုင်မည် ဖြစ်သည့်အပြင် မိမိ နေအိမ်မှပင် ငွေကို လွှဲပြောင်း ပေးနိုင်မည် ဖြစ်ကြောင်း လည်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အိုဘိုင်းလ် တယ်လီဖုန်း များတွင် အသုံးပြုရန် အတွက် Prepaid Top Up ကတ် (ပုံ) ထုတ်လုပ် ဖြန့်ဖြူးရန် Asia Mega Link Co., Ltd ၊ Global Telephone Co., Ltd ၊ Tamonehnye Chan Tha Tun Wai Tha Co., Ltd ၊ Teleport Co., Ltd နှင့် Elite Tech IT Services Co., Ltd စသည့် ကုမ္ပဏီ ငါးခုကို ကိုယ်စားလှယ် ပေးထားကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် အထက်ပါ ကုမ္ပဏီ များကို ၆ ရာခိုင်နှုန်း ကော်မရှင် နှင့် ဖြန့်ဖြူး ရောင်းချပေးရန် ကိုယ်စားလှယ် ခန့်အပ် ထားခြင်း ဖြစ်ပြီး တစ်ခါတစ်ရံ ဈေးကွက် လိုအပ်ချက် ကို ခန့်မှန်း တွက်ချက်မှု လွဲမှားပြီး တချို့ ငွေဖြည့်ကတ် မလံလောက် မှုများ ကြုံတွေ့ရခြင်း ၊ ဈေးကွက်ကို လက်ဝါးကြီး အုပ်လိုမှု နှင့် ၀ယ်ယူ သိုလှောင် ထားခြင်း ၊ ဖြန့်ဖြူးသည့် စနစ် အားနည်းခြင်း ကြောင့် ပြတ်လပ်ခြင်း ၊ ထုတ်လုပ်သည့် ကိုယ်စားလှယ် ကုမ္ပဏီ ၏ နည်းပညာ အားနည်းချက် ကြောင့် တစ်ခါ တစ်ရံ သုံးစွဲ မရသည့် ငွေဖြည့်ကတ် များနှင့် ကြုံတွေ့ ရခြင်းများ ရှိသည်။ မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် လွတ်လပ်သော ဈေးကွက် သဘောတရား များကို ဟန့်တားသည့် ကိစ္စ ရပ်များ ဖြစ်သည့် ဈေးနှုန်း ကန့်သတ်ခြင်း ၊ ညွှန်ကြားချက် ၊ အမိန့်များ နှင့် တားမြစ် ကန့်သတ် ထားခြင်း မရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger