www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 30, 2013

(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ 23rd AARM ဖွင့်ပွဲ အခမ်းအနား ကျင်းပ


ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း 
(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ 
သေနတ်ပစ် ပြိုင်ပွဲ 23rd ASEAN Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနားတွင် 
အမှာစကား ပြောကြားစဉ်

ပြင်ဦးလွင် ၊ ၃၀-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင် နိုင်ငံအဖြစ် ပထမဦးဆုံး အကြိမ် လက်ခံ ကျင်းပ ပြုလုပ်သည့် (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ 23rd AARM Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ်များ ၊ မြန်မာ့ တပ်မတော် အရာရှိ ကြီးများ ၊ စစ်သံမှူးများ ၊ ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ 
သေနတ်ပစ် ပြိုင်ပွဲ 23rd ASEAN Armies Rifle Meet ( 23rd AARM ) ဖွင့်ပွဲ အခမ်းအနားကို
မီးရှူးမီးပန်းများ နှင့် ရောင်စုံမီးခိုးများ ပစ်ဖောက်၍ ဖွင့်လှစ်စဉ်



ရှေးဦးစွာ အလံတော် အဖွဲ့မှူး ခေါင်းဆောင်သော အလံတော် အဖွဲ့မှ AARM အလံ အပါအ၀င် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံ မှ အလံများ အား သတ်မှတ် နေရာတွင် လွှင့်တင် ကြသည်။

ဆက်လက်ပြီး ပြင်ဦးလွင် တပ်နယ်ရှိ ဗိုလ်လောင်းများ က မြန်မာ့ လှံသိုင်း သရုပ်ပြခြင်း ၊ ကိုယ်လက် ကြံ့ခိုင်ရေး လှံစွပ်ဖြင့် သရုပ်ပြခြင်း ၊ တိုက်ကွမ်ဒို လေ့ကျင့်ခန်း သရုပ်ပြခြင်း နှင့် တိုက်ပွဲဝင် ကိုယ်လက် ကြံ့ခိုင်ရေး လက်နက်မဲ့ သရုပ်ပြခြင်း အားကစား စွမ်းရည်များကို အသီးသီး သရုပ်ပြ ကြသည်။

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်
ပြိုင်ပွဲဝင် အာဆီယံနိုင်ငံ တပ်မတော်များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များ
အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
တပ်မတော် စက်ပစ်ကွင်း အတွင်း၌ အထိမ်းအမှတ် ခရေပင် စိုက်ပျိုးပေးစဉ်

ထို့နောက် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အက အဖွဲ့များက (၂၃) ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲ ဂုဏ်ပြု တေးသီချင်း ဖြစ်သော We're The One ဖြင့် ကြိုဆို နှုတ်ခွန်းဆက် ကပြ ဖျော်ဖြေ ကြသည်။

ယင်းနောက် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော် အဖွဲ့ နှင့် ဘရူနိုင်း နိုင်ငံ သေနတ်ပစ် အသင်း ၊ ကမ္ဘောဒီးယား နိုင်ငံ သေနတ်ပစ် အသင်း ၊ အင်ဒိုနီးရှား နိုင်ငံ သေနတ်ပစ် အသင်း ၊ လာအို နိုင်ငံ သေနတ်ပစ် အသင်း ၊ မလေးရှား နိုင်ငံ သေနတ်ပစ် အသင်း ၊ မြန်မာနိုင်ငံ သေနတ်ပစ် အသင်း ၊ ဖိလစ်ပိုင် သေနတ်ပစ် အသင်း ၊ စင်ကာပူ နိုင်ငံ သေနတ်ပစ် အသင်း ၊ ထိုင်းနိုင်ငံ သေနတ်ပစ် အသင်း ၊ ဗီယက်နမ် နိုင်ငံ သေနတ်ပစ် အသင်း များက စစ်ရေးပြ ကွင်းအတွင်း ၀င်ရောက် နေရာယူ ကြပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း အား အလေးပြု ကြသည်။

၎င်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က အဖွင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာချိန်တွင် မီးရှူးမီးပန်း များနှင့် ရောင်စုံ မီးခိုးများ ပစ်ဖောက်ရာ အခမ်းအနား တက်ရောက် လာသူများက လက်ခုပ် သြဘာတီး၍ အခမ်းအနား ကို အောင်မြင်စွာ ဖွင့်လှစ် လိုက်သည်။

ဖွင့်ပွဲ အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် အမှတ်တရ စုပေါင်း ဓာတ်ပုံများ ရိုက်ကူး ကြသည်။

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် မိမိတို့ နိုင်ငံအလိုက် ပြိုင်ပွဲဝင် သေနတ်ပစ် အသင်းသား များကို လိုက်လံ တွေ့ဆုံ၍ အားပေး စကားများ ပြောကြား ကြသည်။

ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် Novelty Shoot ပစ်ခတ်စဉ် များအား ပစ်ခတ် ကြသည်။

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
ပြိုင်ပွဲဝင် အာဆီယံနိုင်ငံ တပ်မတော်များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များအား
အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်စဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း
Exhibition Hall တွင် ခင်းကျင်း ပြသထားသော ကာကွယ်ရေးပစ္စည်းစက်ရုံများမှ 
ထုတ်လုပ် ထားသည့် လက်နက်များအား ကြည့်ရှု လေ့လာစဉ်

ယင်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း သည် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များကို အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် Novelty Shoot ပစ်ခတ်စဉ် များတွင် ဆုရရှိသူ များအား ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် တပ်မတော် စက်ပစ်ကွင်း အတွင်း၌ အထိမ်းအမှတ် ခရေပင် များကို အသီးသီး စိုက်ပျိုး ပေးကြသည်။


ထို့နောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း ၊ ရေ ၊ လေ ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း  နှင့် ပြိုင်ပွဲဝင် အာဆီယံ နိုင်ငံ တပ်မတော် များမှ ဒုတိယ (ကြည်း)တပ် ဦးစီးချုပ် များသည် AARM Village အတွင်းရှိ Exhibition Hall အတွင်း ခင်းကျင်း ပြသထားသော ကာကွယ်ရေး  ပစ္စည်း စက်ရုံများမှ ထုတ်လုပ် ထားသည့် လက်နက်များ ၊ စက်မှု အင်ဂျင်နီယာ ပြခန်း ၊ လျှပ်စစ် နှင့် သုတနည်း ပညာ ပြခန်း ၊ ရေကြောင်း အင်ဂျင်နီယာ ပြခန်း နှင့် လေကြောင်း အင်ဂျင်နီယာ ပြခန်း များအား လှည့်လည် ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်း ပြသ ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

ပြင်ဦးလွင်တပ်နယ်ရှိ ဗိုလ်လောင်းများ တိုက်ကွမ်ဒို လေ့ကျင့်ခန်း သရုပ်ပြခြင်း နှင့်
တိုက်ပွဲဝင် ကိုယ်လက် ကြံ့ခိုင်ရေး လက်နက်မဲ့ သရုပ်ပြကြစဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger