www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 25, 2013

ကိုယ်က တစ်အိတ် မဖြစ်ဖို့ လိုတာပေါ့ .. ဆိုတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ


ကိုယ်က တစ်အိတ် မဖြစ်ဖို့ လိုတာပေါ့ .. ဆိုတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

ဗီင်္ဒီယိုကားများ ထဲတွင် သရုပ်သစ် များစွာကို လက်တွဲ ခေါ်ယူလျက် ပရိသတ်ရဲ့ ရင်ထဲမှာ နေရာ တစ်နေရာ ရှိခဲ့တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ က ပရိသတ်တွေ အတွက် သရုပ်ဆောင် အလုပ်ကို ကြိုးစားလျက် ရှိကြောင်း သိရသည်။

ဆက်လက်၍ သူမ ပတ်ဝန်းကျင် မှာ ကြုံတွေ့ နေရတဲ့ လူတွေ ပြောနေ ကြတဲ့ ကောလာဟလ ကို '' လူတွေက တော့ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြောကြာတာပေါ့ ၊ တစ်စိတ် မရှိရင် တော့ တစ်အိတ် ဆိုတာ ဖြစ်မလာပါဘူး ၊ တစ်စိတ် မဖြစ်အောင် တော့ ဂရုစိုက် နေရမှာပေါ့ .. .. '' ဟု ပြောကြားခဲ့သည်။

လက်ရှိ ရိုက်နေရတဲ့ ကာရိုက်တာ လေးတွေနဲ့ ပတ်သက်လို့ လည်း '' မင်းသမီး နှစ်ယောက် အပြိုင် သရုပ်ဆောင် ရတဲ့ ကဏ္ဍလေးတွေ ပါဝင်ရတာ ကောင်းပါတယ် ၊ ဇာတ်လမ်းလေး တွေလည်း ကောင်းတယ် ၊ တက်ညီ လက်ညီလည်း ရှိတော့ ပိုကောင်း တာပေါ့ .... "  ဟု ဆိုသည်။


'' အစ်မအနေ နဲ့ မှန်းထားတဲ့ နေရာ ကတော့ မရောက်သေး ပါဘူး ၊ ပိုကောင်းတဲ့ နေရာ ရောက်ချင်တာ ပေါ့ ၊ ဒါကြောင့် ပိုကြိုးစား ရဦးမှာပါ။ အဓိက ကတော့ ကိုယ်ကြိုးစား မှ ကိုယ်ရမှာပေါ့ ... " ဟု သူမရဲ့ ပရိသတ်တွေ အတွက် ကိုလည်း " အစ်မကို ချစ်တဲ့ ပရိသတ်ကြီးကို အစ်မလည်း ချစ်ပါတယ်။ ဒီနေ့ ဒီအချိန်ထိ အစ်မကို ပြန်ပြီး လက်ခံပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း .... "  သူမက ပြောကြားခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger