www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, August 25, 2013

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် ကာလအလှမယ် ပြိုင်ပွဲကျင်းပ


မန္တလေး ၊ ၂၅-၈-၂၀၁၃

မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် ၂၀၁၂ - ၂၀၁၃ ပညာသင်နှစ် ကာလ အလှမယ် ပြိုင်ပွဲ အခမ်းအနား ကို သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် ၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင့်တင့် က အဖွင့် အမှာစကား ပြောကြားပြီး မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် အားကစား နှင့် ကာယပညာ ဆပ်ကော်မတီ ၊ ကာယအလှမယ် ပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန ၊ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်သက်ယု က နှုတ်ခွန်းဆက် စကား ပြောကြားသည်။


ဆက်လက်၍ ကာယအလှမယ် ပြိုင်ပွဲကို ကျင်းပရာ ဘာသာရပ် အလိုက် ကျောင်းသူ ၁၂ ဦးက ၀င်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် တတိယဆု ရရှိသူ မစုမြတ်ဝေ ( အင်္ဂလိပ်စာ ဘသာ ) နှင့် ဒုတိယဆု ရရှိသူ မနွေဦးခိုင် ( ကိုရီးယား ဘာသာ ) တို့အား ဒဿနိက ဗေဒဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ နန်ဂရောင် ကလည်းကောင်း ၊ ပထမဆု ရရှိသူ မနွေးဇာခြည်ထွန်း ( တရုတ်ဘာသာ ) အား မန္တလေး နိုင်ငံခြား ဘာသာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ တင့်တင့် မှ လည်းကောင်း ဆုများ အသီးသီး ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger