www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 26, 2013

သက်တမ်းလွန် ရော်ဘာပင်များ နေရာတွင် အစားထိုး စိုက်ပျိုးမှု နည်းပါးခြင်းကြောင့် ပြည်တွင်းထွက်ရှိနှုန်း ကျဆင်း


ရန်ကုန် ၊ ၂၆-၈-၂၀၁၃

မြန်မာနိုင်ငံတွင် ရော်ဘာ ထွက်ရှိမှု နှုန်းမှာ အာဆီယံ ဒေသအတွင်း၌ အဆင့်ရှစ် နေရာသို့ ရောက်ရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာ လုပ်ငန်းရှင်များ အသင်းမှ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

အဆိုပါ ရော်ဘာ ထွက်ရှိမှု ကျဆင်းခြင်းမှာ သက်တမ်းလွန် အပင်များကို ယခုအချိန်ထိ ဒေသခံများက စိုက်ပျိုး နေခြင်းတို့ကြောင့် ဖြစ်ပြီး ယင်းအပင်များ ၏ သက်တမ်းသည် အနှစ် ၃ဝ မှ ၅ဝ ထိသာ ရော်ဘာ အရည်အသွေး ကောင်းများ ထွက်ရှိသည့် အပင်များ ဖြစ်ကြောင်း သိရသည်။

'' ကျွန်တော်တို့ ဌာနက ဒေသခံတွေ ကို နိုင်ငံခြားမှ ပညာရှင်တွေ ဖိတ်ကြားကာ စိုက်ပျိုး နည်းစနစ် များကို သင်ခန်းစာ တစ်ခုအနေနဲ့ ပို့ချပေးပါတယ် ၊ ဒါပေမယ့် စိုက်ပျိုးသူတွေ က အပင်တွေကို ခုတ်ရမှာကို နှမြော ကြတယ် ၊ ဒါကြောင့် သက်တမ်းလွန် ရော်ဘာပင် များလာပြီး ဘော်ဘာ ထွက်ရှိမှု နည်းကာ အရည်အသွေးပါ ညံ့လာပါတယ် ... " ဟု စိုက်ပျိုးသူများ အသင်းမှ ဦးဝင်းမြင့် က ပြောပြခဲ့သည်။


လက်ရှိတွင် ကမ္ဘာ့အဆင့်မီ ရော်ဘာ ထွက်ရှိသော နိုင်ငံများမှာ မလေးရှား ၊ ထိုင်း နှင့် အင်ဒိုနီးရှား တို့ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရော်ဘာ ထွက်ရှိမှုနှုန်း နောက်တွင် အိန္ဒိယ နှင့် နီပေါ နိုင်ငံတို့သာ ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger