www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 21, 2013

ကျောင်းဝတ်စုံ အဖြူ - အစိမ်းများ နှင့် ကျောင်းသုံး စာရေးကိရိယာများ အရောင်းသွတ်



ရန်ကုန် ၊ ၂၁-၅-၂၀၁၃

အခြေခံ ပညာကျောင်း များ မကြာမီ ဖွင့်လှစ် တော့မည် ဖြစ်သောကြောင့် ကျောင်းဝတ်စုံ အဖြူ - အစိမ်း ၊ ကျောင်း သင်တန်းစာ လေ့ကျင့်ခန်း စာအုပ်များ နှင့် စာရေး ကိရိယာများ ရောင်းအား သွတ်နေသည် ဟု ရန်ကုန်မြို့ ယုဇန ပလာဇာ မှ အထည်မျိုးစုံ ရောင်းသူနှင့် စာရေး ကိရိယာ အရောင်းဆိုင် များမှ သိရသည်။

" အခု ကျောင်းဖွင့်ချိန် မတိုင်ခင်မှာ ကျောင်းစိမ်း ၀တ်စုံ အရွယ်စုံ ရောင်းနေရတယ် ၊ အခုမှ ကျောင်းစတက် မယ့် သူငယ်တန်း ကလေးတွေ အတွက်က အသင့်ချုပ်ပြီး ဘောင်းဘီ ၊ ဂါဝန် ၊ အင်္ကျီဖြူ တွေကို ရောင်းရတယ် ၊ ငါးတန်းနဲ့ အထက် ကျောင်းသား တွေအတွက် ကျောင်းစိမ်း ပုဆိုးနဲ့ မိန်းကလေး ၀တ် လုံချည် တွေကို ရောင်းရတယ် ၊ အချို့က တစ်ထည်ချင်း ၀ယ်တယ် ၊ အချို့ ကတော့ ပြန်ရောင်းဖို့ ၁၀ ထည်ဈေး ၊ ဒါဇင်ဈေး လိုက် ၀ယ်ကြတယ် ၊ ကျောင်းစိမ်း တွေ ရောင်းရတာ တစ်နှစ်လုံး မှ မေလ တစ်လထဲပဲ ကောင်းပါတယ် ၊ ကျန်လ တွေမှာ သိပ်မရောင်းရ တော့ပါဘူး ... " ဟု အထည်မျိုးစုံ ရောင်းသူ တစ်ဦး က ပြောသည်။

ထို့အပြင် ကျောင်းသုံး လေ့ကျင့်ခန်း ဗလာစာအုပ် များ နှင့် စာရေး ကိရိယာ များသည်လည်း ရောင်းအား ရောင်းလျက် ရှိသည်ဟု မင်္ဂလာဈေး စာရေး ကိရိယာ လက်ကား ကုန်သည် တစ်ဦးက ပြောကြား ခဲ့သည်။ " စာအုပ်က တစ်နှစ်လုံး ရောင်းနေရ တာပါ ၊ ကျောင်းဖွင့်ချိန် မှာတော့ ကျောင်းလေ့ကျင့်ခန်း ဗလာစာအုပ်တွေ က ပိုရောင်းရ ပါတယ် ... " ဟု ပြောကြား သည်။ " ကျောင်းဝတ်စုံ ၊ စာအုပ် နဲ့ စာရေး ကိရိယာ တွေက အမျိုးမျိုး ရှိပါတယ် ၊ အခု အချိန်မှာက ကျောင်းဖွင့် ရာသီ ဆိုတော့ ဈေးကလည်း နည်းတတ် ပါတယ်။ အရင်က ပိတ်စ၀ယ်တာ များတယ် ၊ အခုတော့ အသင့်ချုပ်ပြီး အထည် များကိုပဲ ပိုပြီး ၀ယ်ယူကြ ပါတယ် ... " ဟု ကျောင်းသား မိဘ တစ်ဦးက ပြောသည်။ ၂၀၁၃ - ၂၀၁၄ ခု ပညာသင်နှစ် တွင် အခြေခံ ပညာကျောင်း များအားလုံးကို ဇွန်လ ၃ ရက်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး ကျောင်းအပ် လက်ခံမှုများ စတင်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger