www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 22, 2013

မြန်မာ - တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်


ရန်ကုန် ၊ ၂၂-၅-၂၀၁၃

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာ နိုင်ငံတွင် ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း ယင်းပိုက်လိုင်း စီမံကိန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ကြောင်း သိရသည်။

မြန်မာနိုင်ငံ သည် ဤစီမံကိန်း မှ မြောက်မြားစွာသော အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း ၊ ပိုက်လိုင်း တည်ရှိမှု အတွက် ပိုက်လိုင်း ဖြတ်သန်းခ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည် ဖြစ်ကြောင်း  ၊ နိုင်ငံတော် အခွန် အနေဖြင့် ပို့လွှတ်မည့် ရေနံ တစ်တန်လျှင် အမေရိကန် ဒေါ်လာ တစ်ဒေါ်လာနှုန်း ရရှိမည် ဖြစ်ကြောင်း ၊ ထို့အပြင် ဖက်စပ် ကုမ္ပဏီ SEAGP နှင့် SEAOP ၏ အစုရှယ်ယာ ၀င်ဖြစ်သော မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသည် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ သယ်ပို့မှု လုပ်ငန်းမှ နှစ်စဉ် နှစ်တိုင်း နောင် အနှစ် ၃၀ အထိ အကျိုးအမြတ် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် စတင် လည်ပတ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ၊ စတင် ပို့လွှတ် နိုင်မည့် အချိန်အား ညှိနှိုင်းလျက် ရှိကြောင်း ၊ ပိုက်လိုင်း တည်ဆောက်ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်း နှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ရရှိမည့် အပြင် မြန်မာနိုင်ငံ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ တူးဖော် ရရှိသော သဘာဝ ဓာတ်ငွေ့များကို ဤပိုက်လိုင်း ဖြင့် သယ်ယူ ပို့ဆောင်ခြင်း အား မြန်မာ ပြည်သူ ပြည်သား များအတွက် လိုအပ်သည့် ဒေသများတွင် အသင့်သုံးစွဲ နိုင်ပြီး သဘာဝ စွမ်းအင်၏ အကျိုးစီးပွား ရလဒ် များကို အကောင် အထည်ဖော် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ပေါင်း ၂၂ သန်း ပို့လွှတ် နိုင်မည် ဖြစ်ပြီး Process Stations ၅ ခုနှင့် တန်ချိန် ၃ သိန်း အဆင့်ရှိ ရေနံစိမ်း ဆိပ်ကမ်း တစ်ခုကို တည်ဆောက် သွားမည် ဖြစ်ပြီး မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့ဆောင်နိုင်ကာ Process Stations  ၆ ခုကို တည်ထောင် သွားမည် ဖြစ်ကြောင်း ၊ မြန်မာ - တရုတ် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှ မြန်မာနိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်းနှင့် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ၂ ဘီလီယံ ကို ပို့ဆောင် နိုင်မည် ဖြစ်သည်။

မြန်မာ - တရုတ် ရေနံစိမ်း ပိုက်လိုင်း သည် မဒဲကျွန်း မှ စတင်၍ လည်းကောင်း ၊ မြန်မာ - တရုတ် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သည် ကျောက်ဖြူ မှ စတင်၍ လည်းကောင်း ၊ မြန်မာနိုင်ငံ အတွင်း ရခိုင်ပြည်နယ် ၊ မကွေးတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ရွှေလီမြို့ မှတစ်ဆင့် တရုတ်နိုင်ငံ အတွင်းသို့ အသီးသီး ၀င်ရောက်မည် ဖြစ်သည်။ ရေနံစိမ်း ပိုက်လိုင်းသည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် စုစုပေါင်း ၇၉၃ ကီလိုမီတာ ရှည်လျားသည်။


မြန်မာ - တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း သည် နိုင်ငံပေါင်း ၄ နိုင်ငံမှ ကုမ္ပဏီ ၆ ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက် ကြသည့် အပြည်ပြည် ဆိုင်ရာ စီမံကိန်း တစခု ဖြစ်ပါကြောင်း ၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ( MIC ) ၏ ခွင့်ပြုချက် အရ ၄င်း ကုမ္ပဏီ ၆ ခုမှ ရင်းနှီးငွေ များကို မြှုပ်နှံ၍ SEAGP နှင့် SEAOP ဟူသော ဖက်စပ် ကုမ္ပဏီ ၂ ခုကို ထူထောင်ခဲ့ပြီး သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း နှင့် ရေနံစိမ်း ပိုက်လိုင်း တို့ကို သီးခြား ခွဲ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger