www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 27, 2013

ရန်ကုန်မြို့၏ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးတော့မည်


ရန်ကုန် ၊ ၂၇-၅-၂၀၁၃

ရန်ကုန်မြို့တော် ၏ အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ ကို ပုဂ္ဂလိက အဖွဲ့အစည်း များက လုပ်ကိုင် ဆောင်ရွက် တော့မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

" ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန် တစ်မြို့လုံးမှာ ထွက်ရှိနေတဲ့ နေ့စဉ် အမှိုက်တန်ချိန် ၁၅၀၀ ကျော်ကို ၀န်ထမ်း လေးထောင်နီးပါး က အမှိုက်လှည်းများ ၊ အမှိုက်ကားများ နှင့် နေ့ည ဆောင်ရွက် နေပါတယ် ၊ ဒါပေမယ့် လူအင်အား ၊ ယာဉ် ယန္တရား အင်အားတွေ လိုအပ်ချက် ရှိနေတာ အမှန်ပါပဲ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အနာဂတ်မှာ အမှိုက် သိမ်းဆည်းတဲ့ လုပ်ငန်း တစ်ခုတည်း မဟုတ်တော့ဘဲ စွန့်ပစ် အမှိုက်မှ လျှပ်စစ် ထုတ်လုပ်သည့် လုပ်ငန်း ၊ သဘာဝ ဓာတ်ငွေ့ ထုတ်သည့် လုပ်ငန်း ၊ လူသုံးကုန် ပစ္စည်း ထုတ်သည့် လုပ်ငန်းတွေ ကို လုပ်ဆောင် သွားမှာ ဖြစ်တဲ့အတွက် အမှိုက် သိမ်းဆည်းရေး လုပ်ငန်းကို နိုင်ငံတကာ မှာလိုပဲ ပုဂ္ဂလိက ကဏ္ဍကို လုံးဝ လွှဲပြောင်း ပေးသွားဖို့ အစီအစဉ် ရှိပါတယ် ....  " ဟု ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


လက်ရှိတွင် ရန်ကုန် မြို့တော်မှ နေ့စဉ် ထွက်ရှိနေသည့် အမှိုက်များကို အမှိုက်သိမ်း ယာဉ် အစီးရေ ၃၀၀ ၊ ၀န်ထမ်း အင်အား လေးထောင် နီးပါး ဖြင့် အမှိုက်ကန် စနစ် ၊ ခေါင်းလောင်းတီး စနစ် ၊ အမှိုက်သိမ်းလှည်း စနစ် တို့ဖြင့် သိမ်းဆည်း လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger