www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 7, 2013

ထူးခြားဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ



၇-၄-၂၀၁၃

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းမှ ဗုဒ္ဓ အံတော် တစ်ဆူ၏ အရွယ်အစား သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိ သူများက ပြောကြား ထားသည်။ ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် ၂ လက်မခန့်ရှိ ဗုဒ္ဓအံတော် အား ဖူးမြော် ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော် ဖြစ်ပြီး အရွယ်အစား မှာ ပျမ်းမျှ အားဖြင့် လူ့သွား တစ်ချောင်း၏ လေးဆခန့် ရှိသည်။ ၄င်း ရှေးဟောင်း ဗုဒ္ဓ မွေတော်သည် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုး ရှိသည်ဟု ယူဆရပြီး လက်ရှိတွင် ၄င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း Lu Mountain ဘုန်းတော်ကြီး ကျောင်းရှိ ဘုန်းတော်ကြီး တစ်ပါး ဖြစ်သူ သောမတ်မိုင်ယာ က ပြောကြား ထားသည်။

ဖော်ပြပါ ဗုဒ္ဓအံတော် သည် သက်တမ်း အားဖြင့် နှစ်ပေါင်း ၂၅၀၀ ခန့်ရှိပြီး ၄င်း အံတော်အား ဆံတော် တစ်ဆူ အပါအ၀င် အခြားသော ဓာတ်တော် မွေတော် များနှင့်အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော်ကြီး သောမတ်မိုင်ယာ က ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger