www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, March 30, 2013

အိန္ဒိယမှာ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ဥပဒေပြဋ္ဌာန်းသူတွေကို မင်းသမီးချော အက်ရှ်ဝါရာရိုင်း တောင်းဆို


ဘောလီးဝုဒ် မင်းသမီးချော အက်ရှ်ဝါရာရိုင်း
၃၀-၃-၂၀၁၃

အိန္ဒိယ ရုပ်ရှင်မင်းသမီးချော အက်ရှ်ဝါရာရိုင်း က သူမတို့ နိုင်ငံ အတွင်းမှာ ကြောက်မက်ဖွယ် ဗလက္ကာရ ပြုကျင့်မှုတွေ ဖြစ်ပွားခဲ့ အပြီး ဥပဒေ ပြဋ္ဌာန်း သူတွေ အနေနဲ့ အဲဒီလို ဖြစ်ရက်တွေ ဖြစ်လာခဲ့ရင် ချက်ချင်း အရေးယူဖို့ ၊ အမျိုးသမီး ထုအပေါ် ကာကွယ်မှု ပေးဖို့ တောင်းဆို လိုက်ကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံမှာ လွန်ခဲ့တဲ့ ၂ လကျော်က အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူ တစ်ဦးကို ယမကာ ယစ်မူးနေတဲ့ လူတစ်စုက ဗလက္ကာရ ပြုကျင့်ပြီး ရက်ရက် စက်စက် သေစေခဲ့မှုနဲ့ ပတ်သက်လို့ ဟိုးလေးတကျော် ဖြစ်နေ ခဲ့ပါတယ်။ ယခင် မယ်ကမ္ဘာဟောင်း လည်းဖြစ်သူ ဘောလီဝုဒ် သရုပ်ဆောင် မင်းသမီး အက်ရှ်ဝါရာရိုင်း က ဥပဒေ ပြဋ္ဌာန်းသူ တွေအနေနဲ့ အမျိုးသမီး တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုသူတွေ အပေါ် အလွန် တင်းကျပ်တဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။

" အဲဒီလို ဆိုးသွမ်း စော်ကားသူ တွေအပေါ် ပြတ်သားတဲ့ ဥပဒေတွေ ရှိထား သင့်ပါတယ် ၊ သူတို့ကို ချက်ချင်း အပြစ်ပေး အရေးယူ ရပါမယ် ၊ ဒါမှ လူ့ အဖွဲ့အစည်း ထဲမှာ ကျွန်မတို့ တစ်တွေ အပြောင်းအလဲ ကိုမြင်ရမှာပါ .. " လို့ နယူးဒေလီ မှာ ပြုလုပ်တဲ့ ဆုပေးပွဲ အခမ်းအနား တစ်ရပ်မှာ အက်ရှ်ဝါရာရိုင်း က ပြောကြား သွားခဲ့ ပါတယ်။ သူမက ယခုလိုမျိုး ပြောကြားမှု တွေအတွက် ထိတ်လန့် ကြောက်ရွံ့မှု မရှိကြောင်း ၊ ပြောကြားဖို့ အတွက် ချီတုံ ချတုံ ဖြစ်နေမှာလည်း မဟုတ်ကြောင်း ရဲရဲဝံ့ဝံ့ ဆိုသွား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger