www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 25, 2013

တက္ကစီအငှားယာဉ်ပေါ်ပါ သိန်းလေးဆယ်ကျော် တန်ဖိုးရှိငွေနှင့် ပစ္စည်းများ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်


ရန်ကုန် ၊ ၂၅-၃-၂၀၁၃

သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုရိုးစကား နှင့်အညီ နေ့စဉ်နှင့် အမျှ လှုပ်ရှား ရုန်းကန် နေကြရသည့် လူမှု ပတ်ဝန်းကျင် တွင် နိုင်ငံကြီးသား ပီသပြီး တာဝန်သိ သစ္စာရှိ ပြည်သူများ သည်လည်း များစွာ ပါဝင်လျက် ရှိရာ တပ်မတော် အရာရှိ အငြိမ်းစား တစ်ဦးမှ မိမိ တက္ကစီ အငှားယာဉ် ပေါ်ပါရှိသော ငွေကျပ် သိန်း ၄၀ ကျော် တန်ဖိုးရှိ ပိုက်ဆံအိတ် အနက်ရောင် တစ်လုံးနှင့် ပစ္စည်းများအား ပိုင်ရှင်ထံ ပြန်လည် အပ်နှံခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ ၊ ဒေါပုံမြို့နယ် ၊ စည်ပင် သာယာရေးမှူး ရုံး၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပိုက်ဆံအိတ် ပိုင်ရှင် ဖြစ်သူ ဒေါပုံမြို့နယ် ၊ ယမုံနာ ၂ ရပ်ကွက် ၊ ၃ လမ်း ၊ အမှတ် က-၁၁၄ နေ ဦးကျင်လှိုင် (၁၂/ဒပန(နိုင်) ၀၈ ၁၁၃၇) သည် မတ်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် တက္ကစီ ငှားစီးလာစဉ် ယာဉ်ပေါ်မှ အဆင်းတွင် ပိုင်ဆံအိတ် အနက်ရောင် တစ်လုံး မေ့ကျန်ခဲ့ရာ အဆိုပါ အိတ်အတွင်းရှိ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၃၅ ရွက် နှင့် တစ်ဒေါ်လာ ၊ ငါးဒေါ်လာ ၊ တစ်ဆယ်ဒေါ်လာ တန်ရောရာ ၁၅ ရွက် ၊ မြန်မာ ကျပ်ငွေ ရောရာ ကျပ် ၄ သိန်း ၊ ရွှေဆွဲကြီး တစ်ကျပ်သား တစ်ကုံး ၊ နိုင်ငံသား စိစစ်ရေး ကတ် ၂ ခုနှင့် ငါးစောင်တွဲ ထီလက်မှတ် ၁ အုပ် တို့ ယာဉ်ပေါ်၌ မေ့ကျန် ပါရှိသွားခဲ့ရာ ၃က/ ၃၅၅၄ အဖြူရောင် ဆလွန်း တက္ကစီ အငှားယာဉ် ပိုင်ရှင် တပ်မတော် အရာရှိ အငြိမ်းစား ဦးသိန်းထွန်း မှ အဆိုပါ ပစ္စည်း များအား ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ အင်ဂျင်နီယာ (အဆောက်အအုံ) သို့ အပ်နှံ၍ ပိုက်ဆံအိတ် ပိုင်ရှင်အား တာဝန်ရှိ သူများဖြင့် ပူးပေါင်း ရှာဖွေ စုံစမ်း ခဲ့ကြသည်။

ထိုသို့ ဆက်သွယ် စုံစမ်းမှု အရ ပိုင်ရှင်ဖြစ်သူအား တောင်ပိုင်း ခရိုင် စည်ပင် သာယာ အုပ်ချုပ်ရေးမှူး ခရိုင်အရာ ဦးတင့်လွင် ၊ မြို့နယ် စည်ပင် သာယာ ၀န်ထမ်းများ နှင့် အသိသက်သေများ ရှေ့တွင် ပိုက်ဆံအိတ် ပိုင်ရှင် ဖြစ်သူ ဦးကျင်လှိုင် အား ပြန်လည် ပေးအပ် ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တာဝန်သိ ပြည်သူ တစ်ဦးမှ ရိုးသားစွာဖြင့် ပြန်လည် ပေးအပ်မှုကို အများပြည်သူ များအနေဖြင့် ဂုဏ်ယူစရာ ၊ အတုယူစရာ တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger