www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 17, 2012

မဇ္ဈိမရောင်ခြည်ကျောင်းတိုက် ပရဟိတပညာရေးစင်တာ ကျောင်းတိုက်သစ် ဖွင့်ပွဲမင်္ဂလာ ကျင်းပမည်

မဇ္ဈိမရောင်ခြည်ကျောင်းတိုက် ပရဟိတပညာရေးစင်တာ ကျောင်းတိုက်သစ် ဖွင့်ပွဲမင်္ဂလာ ကျင်းပမည် ဒီဇင်ဘာ(၁၇)ရက်နေ့ မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ န္ဒောဘာသ အရှင်သူမြတ် ၏ သြ၀ါဒကို ခံယူ၍ ဘဒ္ဒန္တ လက္ခိတ (သာသန ဓဇဓမ္မာစရိယ) ကြီးမှူး တည်ထောင်သော ပုံရွာမြို့၊ သလ္လာမြို့သစ် ရပ်ကွက်၊ အနော်ရထာလမ်းရှိ မဇ္ဈိမရောင်ခြည်ကျောင်းတိုက် ပရဟိတ ပညာရေးစင်တာ ကျောင်းတိုက်သစ် ဖွင့်ပွဲမင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာ ၂၈ ရက်၊ နတ်တော်လပြည့်ကျော် (ဓမ္မ စာဆိုတော်နေ့) နံနက် ၈ နာရီတွင် အဆိုပါ ကျောင်းတိုက်သစ် တွင် ကျင်းပမည် ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနား အကြို ဓမ္မပူဇာ သဘင်များကို နတ်တော်လဆန်း ၁၁၊ ၁၂၊ ၁၃ ရက် ညများတွင် ကျင်းပမည် ဖြစ်ကာ နတ်တော်လဆန်း ၁၄ ရက်နေ့ ညပိုင်းတွင် မီးပုံးပျံ၊ မီးရှူး မီးပန်းများဖြင့် လွှတ်တင် ပူဇော်ခြင်းနှင့် ``အသဲပန်း´´ တေးဂီတဖြင့် ဖျော်ဖြေ ဧည့်ခံမည် ဖြစ်ပြီး ကျောင်းတိုက်သစ် ဖွင့်ပွဲနေ့ နံနက် ၅ နာရီ အချိန်တွင် ပင့်သံဃာ ၈၁ ပါးတို့အား အာရုဏ်ဆွမ်း ဆက်ကပ်၍ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို လှူဒါန်းမည် ဖြစ်သည်။ ဖွင့်ပွဲအပြီး ဆရာတော်ကြီး ၁၈ ပါးတို့အား သင်္ကန်း စသော လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်း၍ မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်ကြီး ၃ တိုက်တို့၏ အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တ ရာဇဓမ္မာ ဘိဝံသ မှ ရေစက်သွန်းချ အနုမောဒနာ တရားတော် နာယူ ကြည်ညို ပူဇော်ကာ သံဃာတော် အရှင်သူမြတ် တို့အား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger