www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 30, 2012

ကျေးလက်ဒေသနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ သရုပ်ပြ ဓာတ်ပုံပြပွဲ ၊ ပြိုင်ပွဲ ကျင်းပမည်



ရန်ကုန် ၊ ၃၀-၁၁-၂၀၁၂

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှင့် အပြည်ပြည် ဆိုင်ရာ ဓာတ်ပုံ ၀ါသနာရှင် များအသင်း (မလေးရှား နိုင်ငံ) တို့ ပူးပေါင်း၍ ကျေးလက် ဒေသနှင့် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းဆိုင်ရာ ဓာတ်ပုံ ပြပွဲ ၊ ပြိုင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် လိုသူများ အနေဖြင့် ပြိုင်ပွဲဝင် ဓာတ်ပုံများကို Soft copy ၊ Hard copy များဖြင့် ရန်ကုန်မြို့ ၊ မင်းရဲ ကျော်စွာလမ်း ၊ UMFCCI Office Tower ၊ (၈)လွှာရှိ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံးသို့ လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပေးပို့နိုင်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျေးလက်ဒေသ နှင့် ဆန်စပါး အပါအ၀င် ၊ လယ်ယာ ထွက်ကုန် ကောက်ပဲ သီးနှံများအား စိုက်ပျိုး ထုတ်လုပ်မှု ၊ ကြိတ်ခွဲ သိုလှောင် ပြုပြင်မှု ၊ တန်ဖိုးမြှင့်တင်မှု ၊ ကုန်သွယ် ရောင်းဝယ်မှု ၊ ပြည်ပ တင်ပို့မှု အစရှိသော ကဏ္ဍများဖြင့် သရုပ်ဖော် ရိုက်ကူး ပြသရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲဝင် ဓာတ်ပုံများကို စိစစ် ရွေးချယ်ပြီး ပထမဆု ငွေကျပ် (၁၀)သိန်း ၊ ဒုတိယဆု ငွေကျပ် (၈)သိန်း ၊ တတိယဆု ငွေကျပ် (၅)သိန်း နှင့် နှစ်သိမ့်ဆု ငွေကျပ် (၁)သိန်း (၁၀)ဆု ချီးမြှင့် သွားမည် ဖြစ်ရာ မည်သူမဆို ၀င်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း နှင့် အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရုံး သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger